ချောမောစွာအရွယ်ရောက်လာကြတဲ့ High Kick ထဲက ကလေးသရုပ်ဆောင်နှစ်ဦး

//s9.kh1.co/2b/2b8e21e3576b8db09ae47f5a132c54eef2fbaf71.jpeg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ချောမောစွာအရွယ်ရောက်လာကြတဲ့ High Kick ထဲက ကလေးသရုပ်ဆောင်နှစ်ဦး

တောင်ကိုရီးယားမင်းသမီး Jin Ji Hee ဟာဆိုရင် High Kick ဇာတ်လမ်းမှာ ခပ်စွာစွာ ကောင်မလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=562,q=100/76/762966a18824bac27a1abfab25e7fd4f8d857d3f.jpeg

သူတို့နှစ်ဦးက High Kick မှာကလေးသရုပ်ဆောင်လေးအဖြစ်နဲ့ပါဝင်ခဲ့တာဖြစ်ပြီး အသက် ၂၀ ကျော် အရွယ် ရောက်လာတဲ့အချိန်မှာလည်း တစ်ယောက်ကို နေရာ တစ်ခုစီနဲ့ အနုပညာလောကထဲမှာ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/ef/ef734541399f39274e18581498b269df7078dee5.jpeg

၁၂ နှစ်ကြာပြီးတဲ့နောက်မှာ သူတို့ နှစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်က ပြောင်းလဲလာကြပေမယ့် နုပျို လန်းဆန်းမှုကတော့ မသေဆေး စားထားသလားအောင့်မေ့ရအောင် ချောမောနေကြတုန်းပဲ ဖြစ်ပါတယ်။ Jin Ji Hee လေးက အရွယ်ရောက်လာပြီး လူကြီးလေး တစ်ယောက်လို ချောမောလာပေမယ့် Lee Gi Kwang ကလည်း အရွယ်မကျသေးဘဲ ငယ်ရုပ်မပြောင်းဘဲပိုပြီးတော့တောင် ချောမောလာပါတယ်။

https://s9.kh1.co/__image/w=620,h=635,q=100/73/730f7e9ab67f71f80daf12dd20a3ba2d39702c92.jpeg

High Kick 2 ဇာတ်လမ်းက Lee Gi Kwang ပထမဦးဆုံးအနေနဲ့ အနုပညာ လောကထဲကို ဝင်ခဲ့တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။Lee Gi Kwang ဟာဆိုရင် BEAST အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပြီး ဇာတ်လမ်းတွဲတွေထဲ မပါတော့ပေမယ့် ပရိသတ်တွေက ဆက်လက်ပြီး ချစ်နေကြဆဲပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=347,q=100/fd/fdb13e9c41093fd112f461abcb49023532255a60.jpeg

Jin Ji Hee က လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး Lee Gi Kwang က တော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=342,q=100/ce/ce160eef9e6c3d32d0d591090eeb016f329ebc89.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T