တောင်ကိုရီးယားမင်းသမီး Song Hye kyo ဟာဆိုရင် တစ်ခေတ်တစ်ခါက မြန်မာပရိသတ်တွေကြားမှာ အွန်စောအဖြစ်နဲ့ လူသိများခဲ့တဲ့ သူဖြစ်ပါတယ်။ Song Hye kyo က ကမ္ဘာတစ်ဝှမ်းမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးတဲ့သူဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းပြီး နုပျိုလွန်းတဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ အသည်းစွဲ ဖြစ်ရတဲ့ သူဖြစ်ပါတယ်။

Song Hye kyo က စိတ်ပျိုလို့ ကိုယ်နုနေသလား အောင့်မေ့ရလောက်အောင် သူမရဲ့တစ်နေ့တာ နေ့ရက်တွေတိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလေ့ရှိတဲ့သူဖြစ်ပါတယ်။ ကြော်ငြာမင်းသမီး တစ်ဖြစ်လဲ မမ Song Hye kyo က သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှု ကွန်ရက်စာမျက်နှာလေးပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း မမ Song Hye kyo က ကလေးလေး တစ်ယောက်လိုမျိုး ဖြူစင်လွန်းတဲ့ သူမရဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီကို ဝေမျှပေးလာခဲ့ပါတယ်။

ဓာတ်ပုံလေးထဲမှာ Song Hye kyo ရဲ့ ပုံစံလေးက ကလေးလေးတစ်ယောက်လိုမျိုး ဖြစ်နေပြီး ဖြူစင်လွန်းနေပါတယ်။ သိုးမွေးသား မာဖလာလေးကို ဝတ်ဆင်ထားတဲ့ Song Hye kyo ရဲ့ ပုံစံက ရှိရင်းစွဲ အသက်ထက်ကို ထက်ဝက်လောက် ပိုပြီးငယ်နေတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေကြပါတယ်။

Song Hye kyo က လက်ရှိမှာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး The Glory ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။





