ထိုင်းထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Nine နဲ့ Baifern တို့နှစ်ယောက်ကတော့ Friendzone ဧရိယာကနေ လမ်းခွဲခဲ့ကြပြီး အခုဆိုရင် Dating တွေလုပ်နေကြပြီမို့ ပရိသတ်တွေကလည်း သူတို့ကိုကြည့်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။ ဒီလို Friendzone ကနေ ထွက်နိုင်အောင် ကူညီပေးလိုက်တဲ့သူကတော့ Num Kanchai ပဲ ဖြစ်ပါတယ်။


Num Kanchai က “ Nine နဲ့ ငယ်ငယ်ကလေးတည်းက သိလာတာ အရွယ်ရောက်လာတော့ သူကတစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာပါတယ်။ သူနဲ့ ခရီးတွေ အတူတူထွက်၊ အတူတူစား အတူတူအိပ်တဲ့ အထိခင်နေရတာ။ သူနဲ့ကျွန်တော်နဲ့ သားအဖလိုတောင် ဖြစ်နေပြီ။ အဲ့တော့ သူ့စိတ်ကိုကျွန်တော်က သိနေပြီ။ သူက Fern နဲ့ သူငယ်ချင်းတွေဆိုပေမယ့် သူ့စိတ်ထဲမှာ သူငယ်ချင်းထက် ပိုနေတာကိုလည်း သတိထားမိတယ်။”


“တချို့အရာတွေက ကျွန်တော်တို့ ပြုမူတဲ့အတိုင်း တုံ့ပြန်မှုရှိတယ်၊ ထင်တဲ့အတိုင်း ဖြစ်လာနိုင်တယ်၊ ဒါကြောင့် မရရအောင် ကြိုးစားသင့်တယ်။ အခုလည်း ကျွန်တော် သူတို့နှစ်ယောက်ကို ပရိသတ်တစ်ယောက် အနေနဲ့ ကြည့်လိုက်တာ တအားကို လိုက်ဖက်လွန်းနေတယ်။ အဲ့ဒါကြောင့် ကျွန်တော် မရောက်ရောက်အောင် တွန်းပို့ပေးလိုက်တာပါ။ အခုဆိုရင် Nine ရဲ့အမေလည်း ပျော်လွန်းလို့ သူ့မျက်နှာ အပြုံးတွေပဲ တွေ့နေရတော့တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။



သတင်း အရင်းအမြစ်៖ popular