သေမလိုရောဂါခံစားခဲ့ရပေမယ့် ကံကောင်းလို့သာ အသက်ရှင်ခဲ့ကြောင်း ဆိုလာတဲ့ Moon Geun Young

//s9.kh1.co/e3/e3e42fc2d3eb20cbe0886f1e963a372eed27f51e.jpg
အနုပညာရှင်များ

 ၁၆-ဒီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရောဂါဆိုးကြောင့်ကံကောင်းလို့သာ အသက်ရှင်ခဲ့ရကြောင်း စိတ်မကောင်းဖွယ် ဆိုလာတဲ့ Moon Geun Young

တောင်ကိုရီးယားမင်းသမီး Moon Geun Young ဟာဆိုရင် မကြာသေးမီက ၂၃ ကြိမ်မြောက် Women in Film Korea Festival ဆုပေးပွဲ အခမ်းအနားမှာ  တစ်နှစ်တာ အမျိုးသမီးဇာတ်ကားဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါ ဆုက နှစ်ပေါင်း ၅၀ ကျော်မှ တစ်ကြိမ် ရရှိနိုင်တဲ့ဆုဖြစ်တာကြောင့် Moon Geun Young က များစွာ တန်ဖိုးထားတယ်လို့ ဆိုပါတယ်။ ပထမတစ်ကြိမ်ရရှိခဲ့ဖူးတဲ့သူကတော့ မင်းသမီးကြီး Kang Soo Yeon ပဲ ဖြစ်ပါတယ်။

Google
Google

Moon Geun Young က ဆုပေးပွဲ အခမ်းအနားမှာ သူမ နေမကောင်း မကျန်းမမာ ဖြစ်နေတုန်းက အတွေ့အကြုံတွေကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ Moon Geun Young က ကျန်းမာလာတဲ့အချိန်မှာ သူမရရှိခဲ့တဲ့ လက်မောင်းက ဒဏ်ရာတွေကို ပြန်ကြည့်မိကြောင်း ၊ ရရှိခဲ့ဖူးတဲ့ ဒဏ်ရာတွေကို ပြန်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် အားတင်းခဲ့ကြောင်း ၊ လူတိုင်းက သူမရဲ့ သရုပ်ဆောင်ချက်တွေကိုသာကြည့်ပြီး ဒဏ်ရာကို မကြည့်ကြတာကြောင့် ဒဏ်ရာကြောင့် နာမည်ပျက် ရရှိမှာကို မစိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Moon Geun Young က ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်မှာ ညာဘက်လက်မောင်းမှာ ဝေဒနာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ Moon Geun Young က acute compartment syndrome ရောဂါဝေဒနာကို ခံစားနေရပြီး ခွဲစိတ်မှုကို ၄ ကြိမ်တိတိ လုပ်ခဲ့ရတဲ့သူဖြစ်ပါတယ်။

Google
Google
Google
Google

Acute compartment ဆိုတာက ကြွက်သားတွေက အာရုံကြောတစ်ရှူးအချို့ကြောင့် သတ်မှတ်ထားတဲ့ စံနှုန်းအောက်မှာ လျော့နည်းသွားသောအခါ ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။  

Google
Google
Google
Google

ရောဂါ ရဲ့ လက္ခဏာတွေက ပြင်းထန်စွာ နာကျင်ခြင်း၊ လေဖြတ်ခြင်းနှင့် အာရုံကြောတစ်သျှူးများ ပျက်စီးခြင်းတို့ဖြစ်ပြီး အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သေလောက်တဲ့အထိ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ မင်းသမီး Moon Geun Young ရဲ့ ရင်းတွင်းခံစားချက်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T