စစ်ထဲဝင်တော့မယ့် BTS အဖွဲ့ဝင် Jin ကို ကျန်တဲ့အဖွဲ့ဝင်တွေက လိုက်ပို့ခဲ့တဲ့ ပုံရိပ်တွေနဲ့ ရုပ်သံကို Big Hit ရဲ့ Bangtang TV Youtube channel ကနေတင်ခဲ့ပါတယ်။ အဲ့ဒီရုပ်သံထဲမှာဆိုရင် BTS အဖွဲ့ဝင်တွေအားလုံး စုစည်းပြီး သူတို့ရဲ့အကိုကြီး Jin ကိုနွေးနွေးထွေးထွေးနဲ့ နှုတ်ဆက်နေကြတာကို တွေ့ရပြီး Jin ရဲ့ ဆံပင်တွေရိတ်ထားတဲ့ ခေါင်းကိုထိပြီးကိုင်နေကြတာကို တွေ့ရပါတယ်။


အဲ့ဒီအချိန်မှာ Jin ကတစ်ခုခုကို မဖြစ်မနေလိုချင်နေတဲ့ ပုံနဲ့ အိတ်ထဲအပူတပြင်းလိုက်နှိုက်ရှာနေခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒါကိုသိတဲ့ J-hope က ဘာရှာနေတာလဲလို့ မေးတဲ့အခါမှာတော့ သိုးမွေးနဲ့လုပ်ထားတဲ့ နားရွက်အုပ်တဲ့ ကိရိယာကို ထုတ်ပြခဲ့ပြီး ဒီပစ္စည်းကစစ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပါလို့လည်း ပြောပြခဲ့ပါတယ်။


Jin ဟာ 1992 မှာမွေးဖွားသူဖြစ်လို့ အသက် ၃၀ ပြည့်သွားပြီး စစ်ထဲအစောဆုံးဝင်သွားရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ညီအကို 7 ယောက်ရဲ့ ရင်းနှီးနွေးထွေးစွာ ရှိနေကြတဲ့ ပုံတွေကိုသဘောကျနှစ်သက် နေကြကာ Jin အတွက်လည်း အဆင်ပြေစေဖို့ ဆုတောင်းပေးနေကြပါတယ်။
Photos- credit





