Superman အဖြစ်လူသိများတဲ့ ဗြိတိန်နာမည်ကြီး မင်းသား Henry Cavill က သူဟာ Superman အဖြစ် ပြန်လာမှာမဟုတ်တော့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးမှ Superman မင်းသား ရဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn နှင့် Peter Safran တို့ဟာ ဗုဒ္ဓဟူးနေ့မှာ သူတို့ဟာ Henry Cavill မပါပဲ Superman ကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်လိုက်တယ် လို့သိရပါတယ်။

Cavill ဟာ (၂၀၁၃) ခုနှစ်မှာ Man Of Steel၊ (၂၀၁၆) မှာ Batman Vs Superman၊ (၂၀၁၇) မှာ Justice League ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။လူမှုကွန်ရက်မှာလည်း Follower သန်း (၂၀) ကျော် ရှိတာပဲ ဖြစ်ပါတယ်။Cavill ဟာ မကြာသေးမီက Super Man အဖြစ်ပြန်လာမယ်လို့ ပရိသတ်တွေကို ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ သူပြောခဲ့တဲ့အတိုင်း Super Man အဖြစ်မြင်တွေ့ရတော့မှာမဟုတ်တာပဲ ဖြစ်ပါတယ်။

Cavil က `` ကျွန်တော် James Gunn နဲ့ Peter Safran တို့နဲ့ အခုလေးတင်တွေ့ဆုံခဲ့ပြီးပါပြီ ဒါဟာစိတ်မကောင်းစရာသတင်းပါပဲ၊ အားလုံးပဲ ကျွန်တော် Superman အဖြစ် ပြန်မလာတော့ပါဘူး' လို့ ပြောကြားခဲ့ပါတယ်။ဒါရိုက်တာ James Gunn ကတော့ `` ကျွန်တော်တို့ဟာ Superman ဘဝရဲ့ ဇာတ်လမ်းအစကို အာရုံစိုက်ထားပြီး Cavill ကတော့ ပါဝင်သရုပ်ဆောင်မှာ မဟုတ်ပါဘူး ဒါပေမယ့် Henry နဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့ပြီး သူ့ပရိသတ်တွေလည်းဖြစ်ပြီး အနာဂတ်မှာ အတူလက်တွဲလုပ်ဆောင်ဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ google





