BTS အဖွဲ့ရဲ့ Comeback ပြန်လာမယ့်အချိန်ကို ပြောပြခဲ့တဲ့ RM

//s9.kh1.co/16/166266c2f82e7a8b8125e8df0dce5dc1e52c2acc.jpg
အနုပညာရှင်များ

 ၁၄-ဒီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

အဖွဲ့လိုက် အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်တဲ့အခါ....

တောင်ကိုရီးယားနိုင်ငံရဲ့  နာမည်ကြီး K-pop အဖွဲ့  BTS ရဲ့ ခေါင်းဆောင်ဖြစ်သူ RM က သူတို့အဖွဲ့အနေနဲ့ ဘယ်အချိန်လူစုံ ပြန်လာမလဲဆိုတာ ပြောပြခဲ့ပါတယ်။Suga ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ `` Suchwita “ မှာ ဧည့်သည်အနေနဲ့ လာရောက်ခဲ့ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။အစီအစဉ်ရဲ့အကြောင်းအရာဖြစ်တဲ့ ယမကာအကြောင်း ဆွေးနွေးနေရာမှတစ်ဆင့် ပြောဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/10/10242959b2c53f9e74abdab45c0cf2bd11460274.jpeg

အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jin ဟာ ဒီဇင်ဘာ (၁၃) ရက်နေ့က စစ်မှုထမ်းဆောင်ဖို့သွားခဲ့ပြီ ပဲဖြစ်ပါတယ်။ တစ်ဖွဲ့လုံးက အကိုကြီးကို ပျော်ပျော်ရွှင်ရွှင် လိုက်ပို့ပေးခဲ့ပြီး ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့ကြပါတယ်။ ပရိသတ်တွေအနေနဲ့ ထိုပုံတွေကို ကြည့်ပြီး အချစ်တွေပိုခဲ့ကြတာပဲဖြစ်ပါတယ်။ Jin အနေနဲ့ အောက်တိုဘာလလောက်တည်းက စစ်မှုထမ်းမှာဖြစ်ကြောင်း ကြေညာထားခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတွေကို ယာယီရပ်တန့်ထားရဦးမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=349,q=100/c6/c6839237b1568f50cdfc4438dcac28ba805aa524.jpg

သူတို့အဖွဲ့အနေနဲ့ ဘယ်အချိန်လောက်မှာ အဖွဲ့လိုက်ပရိသတ်တွေရှေ့ ပြန်လာမလဲဆိုတာကို  RM က `` BTS အနေနဲ့ (၂၀၂၅) ခုနှစ်မှာ အားလုံးစုပေါင်းပြီး အဖွဲ့အပြည့်နဲ့ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ဖို့အတွက် ကောင်းမွန်ကြောင်း ‘’ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်နှစ်ယောက်စလုံးက ယခုအခြေအနေကိုသာ အာရုံစိုက်ထားကြမယ်လို့ ပြောခဲ့ပေမယ့်  Suga ကတော့ သူဟာ (၂၀၂၅) မှာ ဘာလုပ်ဖြစ်မယ်ဆိုတာ မစဉ်းစားရသေးကြောင်း ပြောကြားခဲ့ပါတယ်။ (၂၀၂၅) ခုနှစ်မှာ အလုပ်တွေပြန်လုပ်ဖြစ်တဲ့အခါ ပိုကြိုးစားကြမယ် လို့လည်း နှစ်ယောက်သား ကတိပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/81/81f6a2ee9170a7b17ca023cd731dd972770c0909.jpg

BTS  ရဲ့  Comeback ကိုစောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/5a/5a7cb0af59c3ba95c7b461503378050bac329482.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9a/9acbbdb8ca2ab04312badc318b5420511d248e54.jpg

Photos: Credit

သတင်း အရင်းအမြစ် kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T