Selena Gomez ဟာ Justin Bieber နဲ့တွဲခဲ့တုန်းက တင်ထားတဲ့ Tik Tok Video အောက်မှာ Comment မန့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ Video ကို Selena Gomez ရဲ့ ပရိသတ်တစ်ဦးက တင်ထားခဲ့တာဖြစ်ပြီး Justin Bieber နဲ့ တွဲခဲ့တုန်းက ပိန်တဲ့ Selena ရဲ့ပုံနဲ့ အခုလက်ရှိပုံကို ယှဉ်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။Selena အနေနဲ့ ဝမ်းနည်းတဲ့ Emoji လေးကိုမန့်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေကို အံ့ဩစေခဲ့တာဖြစ်ပါတယ်။

Selena နဲ့ Justin တို့ဟာ (၂၀၀၉) ခုနှစ်မှ (၂၀၁၈) အထိ တွဲခဲ့ပြီး (၂၀၁၉) မှာတော့ Justin Bieber ဟာ ရည်းစားဟောင်းဖြစ်တဲ့ Hailey နဲ့ ပြန်တွဲပြီး လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မှ Selena နဲ့ Justin ပရိသတ်တွေအနေနဲ့ဝမ်းနည်းခဲ့ကြပြီး အဲ့ဒီနောက်မှာ ပရိသတ်တွေကြား သူတို့သုံးယောက်အကြောင်း ကောလဟာလသတင်းတချို့ ထွက်ခဲ့ပေမယ့် သုံးယောက်စလုံးကတော့ ကောလဟာလသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားခဲ့ကြတာဖြစ်ပါတယ်။

Video မှာ `` The Reason Why Selena is always skinny when she dates Justin “ ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့တာဖြစ်ပြီး Video ရဲ့အဆုံးမှာတော့ (၂၀၁၄) ခုနှစ်တုန်းက Instagram မှာ တင်ထားတဲ့ Post ဟောင်းတစ်ခုနဲ့ အဆုံးသတ်ထားတာဖြစ်ပါတယ်။ဒီ Tik Tok ကိုတော့ နိုဝင်ဘာလ (၂၉) ရက်နေ့က တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ google