ဆီမထည့်ဘဲမောင်းလို့ရတဲ့ကား ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ အဆိုတော်မနော

//s9.kh1.co/ad/adb64739cdbe0e1b490e4d26e835705be914bc15.jpg
အနုပညာရှင်များ

 ၁၃-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဆီမထည့်ဘဲမောင်းလို့ရတဲ့ကား ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ အဆိုတော်မနော

တေးသံရှင်မနောဟာဆိုရင် မြန်မာသီချင်းကောင်းများစွာကို အသံပါဝါကောင်းကောင်းနဲ့ ရင်ထဲထိထိ သီဆိုနိုင်တဲ့သူဖြစ်ပါတယ်။ မနောက လက်ရှိမှာ သီချင်းဆိုတာတွေကို ရပ်နားထားပြီး ကိုယ်တိုင်ကိုယ်ကျ စီးပွားရေးလုပ်ငန်းလေးကို စွန့်ဦးတီထွင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း တေးသံရှင်မနောက ဆီထည့်ပြီးမောင်းစရာမလိုတဲ့ ကားလေးကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း အသိပေးပြောကြားလာပါတယ်။

Google
Google

ဆီထည့်ပြီးမောင်းဖို့မလိုတဲ့ကားလေးကို မနောတည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်တဲ့ MZ Group ဓူဝံ စတိန်းလက်စတီးနဲ့ ဖိုက်ဘာဂလပ်စ်ကနေ က နေ ထုတ်လုပ်ဖန်တီးပေးခဲ့တာဖြစ်ပြီး အသုံးဝင်တဲ့ ပစ္စည်းလေး ဖြစ်လို့ လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 

ဆီထည့်ပြီးမောင်းစရာမလိုတဲ့ကားလေးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို မနောက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 

အဆိုပါကားလေးကို မနောရဲ့ ဆိုင်မှာ လာအပ်တာကြောင့် တေးသံရှင် မနောက ကိုယ်တိုင်ကိုယ်ကျ ဖန်တီး ထုတ်လုပ်ပေးဖြစ်တယ်လို့လည်း ထပ်ဆောင်း ရှင်းပြထားပါတယ်။

Ma Naw's Facebook 
Ma Naw's Facebook 

တေးသံရှင် မနော တီထွင်ဖန်တီးပြုလုပ်ပေးခဲ့တဲ့ ဆီမလို ကားလေးအကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T