တောင်ကိုရီးယားမင်းသား Lee Dong Wook ဟာဆိုရင် သူ့ရဲ့ပရိသတ်တွေကို ခရစ်စမတ်အစီအစဉ်နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှာ ကျရောက်လာတော့မယ့် ခရစ်စမတ်ပွဲတော်အတွက် တောင်ကိုရီးယား အနုပညာ ရှင်တွေက ကြိုတင်အစီအစဉ်လေးတွေ ပြုလုပ်လျက်ရှိပါတယ်။ အဲဒီထဲမှာ Lee Dong Wook လည်း တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မင်းသာ Lee Dong Wook ဟာဆိုရင် ချောမောလှပတဲ့ ရုပ်ရည်နဲ့ အသက် ၄၀ ကျော်သွားသည့်တိုင် တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့နေနေသူ ဖြစ်ပါတယ်။ Lee Dong Wook က ခရစ်စမတ်ပွဲတော်ကာလကို ၆ နှစ်တိုင်တစ်ယောက်တည်း အထီးကျန်စွာ ကျော်ဖြတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ ကြောင့် အခုနှစ်မှာလည်း Lee Dong Wook ရဲ့ ခရစ်စမတ် အစီအစဉ်ကို ပရိသတ်တွေက မေးမြန်းခဲ့ကြပါတယ်။Lee Dong Wook က ခရစ်စမတ်အစီအစဉ်နဲ့ ပတ်သက်ပြီး ခရစ်စမတ်ကာလမှာ ရိုက်ကူးရေးလုပ်ဖို့ရှိတာကြောင့် အချိန်စာရင်းတွေနဲ့ မအားမလပ်ဖြစ်နေမှာ ဖြစ်ကြောင်း ၊ နှစ်ဆုံးကနေ နောက်နှစ် အစအထိ ရိုက်ကူးရေးတွေနဲ့မအားမလပ်ဖြစ်နေမှာဖြစ်ကြောင်း ဒီနှစ် ခရစ်စမတ်ကိုတော့ ဟာသသရုပ်ဆောင် Jo Se Ho နဲ့ ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသား Lee Dong Wook နဲ့ Jo Se Ho တို့က အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပြီး ခရစ်စမတ်ကာလကို အတူတူ ဖြတ်သန်းခဲ့ကြတာ နှစ်ပေါင်း ၅ နှစ်ကနေ ၆ နှစ်တိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို Lee Dong Wook က သူ့ရဲ့ ပရိသတ်တွေပဲရှိတဲ့ channel ကနေပြီး လျို့ဝှက် ဆက်သွယ် ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားမင်းသား Lee Dong Wook ရဲ့ ခရစ်စမတ်အစီအစဉ်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။