ထိုင်းမင်းသားMario နဲ့ မင်းသမီး Junji တို့က တစ်ယောက်နဲ့တစ်ယောက် တွဲလာတာ (၈) နှစ်ကျော်ရှိပြီဖြစ်ပြီး ပရိသတ်တွေက ထိုင်းအနုပညာအသိုင်းအဝိုင်းမှာ တည်ငြိမ်တဲ့စုံတွဲလေးလို့ သတ်မှတ်ထားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက အတိတ်မှာ ပြဿနာတွေ ရှိခဲ့ပေမယ့် ဘယ်တော့မှ လက်တွဲမဖြုတ်တော့ဘူးလို့ ဆိုပါတယ်။

သူတို့တည်ဆောက်ထားတဲ့ ချစ်ခြင်းမေတ္တာတွေက နှစ်တွေကြာပြီဖြစ်တာကြောင့် လက်တွဲဖို့ကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ Mario ရဲ့ ချစ်သူက ဒီဇင်ဘာလ ၈ ရက်နေ့က မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပြီး ပွဲမှာ သတို့သမီးဆီကနေ ပန်းစည်းဘယ်သူဖမ်းမိခဲ့တာလည်း ဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။


ရလဒ်အနေနဲ့ကတော့ Junji က သူ့သူငယ်ချင်းရဲ့ ပန်းစည်းကို ဖမ်းမိခဲ့တာပါ။ ဒါကြောင့် မကြာခင်မှာ နောက်ထပ်ဈေးဦးပေါက်မယ့်သူကတော့ Mario တို့ အတွဲလေးဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။



သတင်း အရင်းအမြစ်៖ Popular.com





