တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး K-popအဖွဲ့ ဖြစ်တဲ့ BTS က RM နဲ့ Youjeen တို့သီဆိုထားတဲ့ ` Wild Flower ‘ သီချင်းဟာ You Tube ရဲ့ ကြည့်ရှုမှုအများဆုံး Music Videos စာရင်းမှာ နံပါတ် (၁) အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။ ` Wild Flower ' ဟာ December (2) ရက်နေ့မှာထွက်ခဲ့တဲ့ RM ရဲ့ လက်ရာဖြစ်ပြီး ` Indigo 'ဆိုတဲ့ Album ကသီချင်းပဲဖြစ်ပါတယ်။

` Indigo ’ ဟာ RM ရဲ့ ပွဲဦးထွက် Album ဖြစ်ပြီး ပွဲဦးထွက်မှာတင် ပရိသတ်အားပေးမှု ကြီးကြီးမားမား ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုသူ (၂၃.၈) သန်း အထိရှိခဲ့တာဖြစ်ပြီး နံပါတ် (၁) နေရာချိတ်ခဲ့တာပဲဖြစ်ပါတယ်။Music Video ထဲမှာ RM ရဲ့ အသံ၊ Idea တွေကအစ ဆန်းသစ်နေခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Youjeen နဲ့လည်း လိုက်ဖက်ညီနေခဲ့ပြီး တော်တော်နားထောင်လို့ကောင်းတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

ဒါ့အပြင် RM ရဲ့ ` Wild Flower ’ ဟာ You Tube ရဲ့ တစ်ကမ္ဘာလုံးကြည့်ရှုမှုစာရင်းမှာ အဆင့် (၇) ထိရောက်ရှိခဲ့ပြီး ကြည့်ရှုသူ (၂၆.၃) သန်းရှိခဲ့တာပဲဖြစ်ပါတယ်။ RM အနေနဲ့လည်း You Tube ရဲ့ ထိပ်တန်းအနုပညာရှင်စာရင်းမှာ နံပါတ် (၆၂) နေရာမှာရှိနေပြီး အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့တာပဲဖြစ်ပါတယ်။

RM ရဲ့ ပရိသတ်တွေ၊ BTS ပရိသတ်တွေ အနေနဲ့ ဝမ်းသာဂုဏ်ယူရအောင် ဖော်ပြပေးလိုက်ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ allkpop