BlackPink အဖွဲ့ဝင် Lisa ဟာဆိုရင် သူ့ရဲ့ Instagram မှာ followers ၈၅ သန်းကျော်နဲ့ followers အများဆုံး K-pop idol ဖြစ်လာပါတယ်။

Lisa ရဲ့ official Instagram မှာ followers 85 သန်းကျော်ရရှိခဲ့တာဖြစ်ပြီး အဆိုပါအရေအတွက်ဟာ K-pop အဆိုတော်တွေအပါအဝင် ကိုရီးယားမှာရှိတဲ့ အနုပညာရှင်အားလုံးထက်များပြားပြီး အာရှမှာရှိတဲ့ cele တွေကြား တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

ဒါဟာ Lisa အတွက်တော့စံချိန်အသစ်ဖြစ်ပြီး ကိုရီးယားမှာ နံပါတ်တစ်နဲ့ တစ်ကမ္ဘာလုံးမှာ နံပါတ် ၄၀ နေရာမှာ ရှိနေပါတယ်။ဒါ့အပြင် Lisa ဟာ Google ကရွေးချယ်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ ရှာဖွေအခံရဆုံး K-pop အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။ Lisa ရဲ့ အောင်မြင်မှုကိုတော့ ပရိသတ်တွေက ချီးကျူးပြီး အံ့ဩနေကြပါတယ်။





