တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် Seolhyun ဟာဆိုရင် တောင်ကိုရီးယားဘောလုံးသမား Son Heung-min ကို အရမ်းကြိုက်နှစ်သတ်ကြောင်းကို သူမရဲ့ လူမှုကွန်ရပ်စာမျက်နှာမှာ ဖော်ပြပေးလာခဲ့ပါတယ်။

အခုအကြောင်းအရာကို Seolhyun က ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပုံနဲ့တကွဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Seolhyun က ဘောလုံးသမား Son Heung-min ဝတ်ဆင်ခဲ့တဲ့ မျက်နှာဖုံးပုံစံ filter လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပြီး မျက်နှာအမူအယာလေးက အစ အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

Seolhyun က ဘောလုံးသမား Hee Chan နဲ့လည်း သူငယ်ချင်းအရင်းကြီးတွေဖြစ်တာကြောင့် အခုလိုမျိုး Son Heung-min ကို အားပေးတဲ့အပေါ် ပရိသတ်တွေက သူငယ်ချင်းကို သစ္စာဖောက်တယ်လို့ချစ်စနိုးနဲ့ ပြောနေကြပါတယ်။

တောင်ကိုရီးယားမင်းသမီး Seolhyun နဲ့ ဘောလုံးသမား Hwang Hee-chan တို့က မူလတန်းကျောင်း အတူတူ တက်ခဲ့ကြတဲ့သူတွေဖြစ်ပြီး အသက် ၁ နှစ်ကွာပေမယ့် အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး Seolhyun က လက်ရှိမှာ မင်းသား Si-wan နဲ့ ‘I don’t want to do anything’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
