အောင်မြင်တဲ့ idol တစ်ဦးဖြစ်နေသေးကြောင်း ပြခဲ့တဲ့ EXO ခေါင်းဆောင် Suho..

//s9.kh1.co/9c/9c2cfd6e0dd47c3cd3ca2d8f64ed35509b3a3bbe.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

နိုင်ငံခြားသား လင်မယားက အံ့ဩသွားခဲ့ပြီး…

EXO အဖွဲ့ဝင် Suho ဟာ သူ့အနေနဲ့ အောင်မြင်တဲ့ K-pop idol တစ်ဦးဖြစ်နေသေးကြောင်း သက်သေပြခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့က "If I go once" ဆိုတဲ့ အစီအစဉ်ကို SBS ကထုတ်လွှင့်ခဲ့ပြီး EXO အဖွဲ့ဝင် Suho နဲ့အတူ အခြားအစီအစဉ်မှာပါဝင်တဲ့ ‌နာမည်ကြီးတွေကို တစ်ညတာ သင်္ဘောပေါ်မှာ အတူရှိနေတာတွေ့ခဲ့ရပါတယ်။ 

https://s9.kh1.co/__image/w=610,h=308,q=100/ba/ba16f19f5609276a4f2f19be138446ce96bc1f1a.webp

အစီအစဉ်မှာ သင်္ဘောပိုင်ရှင် နိုင်ငံခြားသားလင်မယားနှစ်ယောက်က သူ့သမီးလေးက EXO fan ဖြစ်ကြောင်းပြောပြခဲ့ပြီး အဲ့ဒီမှာပဲ Suho ကသူဟာ EXO ရဲ့ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ သင်္ဘောပေါ်မှာပါလာသူတွေဟာလည်း နာမည်ကြီးမင်းသားတွေဖြစ်ကြောင်း ပြန်ပြီးရှင်းပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=860,q=100/fb/fb5d1a8212d06eaf0df6c76ed2fffc4e196295af.jpg

အဲ့ဒီအခါမှာတော့ နိုင်ငံခြားသား လင်မယားက အံ့ဩသွားခဲ့ပြီး ပြန်ပြီးစနောက်တဲ့အနေနဲ့ " ကျနော်တို့လည်း နာမည်ကြီးပါတယ်၊ ကျနော်တို့ကိုတောင် မသိတာ ကျနော်တို့ကခဗျားတို့ကို ဘာလို့သိရမှာလဲ' ဆိုပြီးပြောခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=1155,q=100/18/181a29d2afc191eb0aa7af132652896340a3fd86.jpg

Suho အနေနဲ့စစ်ထဲကပြန်ထွက်လာအပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်နေခဲ့ကာ ပရိသတ်ရှေ့ကိုလည်း ပရိုဂရမ်တွေကနေတဆင့် ရောက်ရှိနေကြောင်း သိရပါတယ်။ 
Photos- credit 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T