K-pop ယောကျာ်းလေးအဖွဲ့တွေရဲ့ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ BTS

//s9.kh1.co/db/dbd763091bf1e864b971ca727bfccf235ebba364.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

BTS အနေနဲ့တခြားအဖွဲ့တွေကိုရလဒ်ပြတ်သားစွာ......

တောင်ကိုရီးယားနိုင်ငံရဲ့ K-pop လောကကိုလွှမ်းမိုးထားတဲ့ BTS အဖွဲ့ဟာ ဒီဇင်ဘာလရဲ့ ယောကျာ်းလေးအဖွဲ့တွေအတွက် အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁) အဖြစ်ရပ်တည်ခဲ့ကြောင်းသိရပါတယ်။ စုစုပေါင်းအဖွဲ့ (၃၀) ထဲကမှအဆင့် (၁) အဖြစ်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/06/068263bb80bea671d6238a1ea759422faadcdd83.jpg

Korea Institute of corporate Reputation မှ ယနေ့ ထုတ်ပြန် ခဲ့တာဖြစ်ပြီး BTS အနေနဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ BTS အနေနဲ့ ရမှတ် (၁၂,၂၇၆,၄၈၀) အထိရရှိခဲ့တာဖြစ်ပြီး ဒုတိယနေရာကအဖွဲ့ကို ပြတ်ပြတ်သားသား အမှတ်ဖြတ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/56/563416a8424de8b2993b5af0277acf97f2ab78b4.jpg

BTS အဖွဲ့ရဲ့နောက်မှာ နောက်ထပ်နာမည်ကြီး K-pop အဖွဲ့တွေဖြစ်ကြတဲ့ Seventeen က အဆင့်(၂)၊ Stary Kids က အဆင့် (၃) အနေနဲ့ရပ်တည်ခဲ့တာဖြစ်ပါတယ်။Seventeen အနေနဲ့ ရမှတ် (၃,၈၀၅,၈၈၅) နဲ့ Stary Kids က ရမှတ် (၂,၅၉၈,၆၃၈) ရရှိခဲ့ကြတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/bd/bd770868bbbbef9bbfd4cf30df74751079910f67.png

စာရင်းမှာ ပါ၀င်ခဲ့တဲ့အခြားအဖွဲ့တွေကတော့ NCT၊ The Boyz၊ EXO၊ MONSTA X၊ SHINee၊ TREASURE၊ BTOB၊ ASTRO၊ TOMORROW x TOGETHER၊ WINNER၊ ENHYPEN Super Junior၊ ATEEZ၊ INFINITE၊ VIXX၊ SF9၊ 2PM၊ VERIVERY၊ Pentagon၊ Wanna One၊ Big Bang၊ TVXQ၊ GOT7၊ VICTON၊ Block B၊ Shinhwa နဲ့ TEMPEST တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/71/71a6211dcb5eb4cd16b5a6f816f43b8bcdb81391.jpg

BTS ပရိသတ်တွေသာမကပဲ တခြားအဖွဲ့ပရိသတ်တွေပါ ဝမ်းသာဂုဏ်ယူရအောင်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5d/5df3d0a3e7f254ec89b987e799a46a7e5a8ed53d.jpeg
https://s9.kh1.co/__image/w=650,h=414,q=100/e5/e5c4576557f664accfee090dbc0ecf03ad598076.jpg

Photos: credit

သတင်း အရင်းအမြစ် Allkpop

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T