မင်းသား Kim Jaewon ဇာတ်လမ်းတွဲတွေထဲ မပါဖြစ်တော့တဲ့အကြောင်းအရင်း

//s9.kh1.co/1c/1cef3c3ebb392d2a583bc0d89c2cc1d40bd866fe.jpeg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

မင်းသား Kim Jaewon ဇာတ်လမ်းတွဲတွေထဲ မပါဖြစ်တော့တဲ့အကြောင်းအရင်း

တောင်ကိုရီးယားမင်းသား Kim Jaewon ဟာဆိုရင်တစ်ခေတ်တစ်ခါက ဂင်ဟာနူးဆိုပြီး မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားခဲ့တဲ့သူဖြစ်ပါတယ်။ Kim Jaewon က ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူ့ရဲ့အသက်က ၄၀ ကျော်နေပြီပဲဖြစ်ပါတယ်။ Kim Jaewon ကို Romance (2002)၊  Listen to My Heart (2011)၊ May Queen (2012) နဲ့  The Scandal (2013) ဇာတ်လမ်းတွေနဲ့လူသိများခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google
Google
Google
Google

Kim Jaewon က အသားအရည်ဖြူစင်ဝင်းပပြီး ရယ်လိုက်ရင် အေးမြသွားတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် သူ့ကို အပြုံးမင်းသားလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ 

Google
Google
Google
Google

တစ်ခေတ်တစ်ခါက တခဲနက်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသား Kim Jaewon က ဇနီးဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာလက်ထပ်ပြီးတဲ့နောက်မှာ ရုပ်ချင်း ချွတ်ဆွတ်တူတဲ့ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အနုပညာ အလုပ်တွေလုပ်တာပါ ကြဲသွားခဲ့ပါတယ်။ 

Google
Google

Kim Jaewon က ဇာတ်လမ်းတွဲတွေထဲ ပါဝင်တာထက် ကိုယ်ပိုင် ကုမ္ပဏီထောင်ပြီး စီနီယာအဖြစ်နဲ့ တက်သစ်စလေးတွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ Kim Jaewon ရဲ့ အေဂျင်စီ နာမည်က one-man entertainment ပဲဖြစ်ပါတယ်။

Google
Google

 Kim Jaewon က ၂၀၂၀ ခုနှစ်မှာ one-man entertainment အေဂျင်စီကို သူနဲ့ နှစ်ပေါင်း ၂၀ ကြာ အတူတွဲပြီး အလုပ်လုပ်ခဲ့တဲ့ မန်နေဂျာဖြစ်သူနဲ့အတူ ထူထောင်ခဲ့ပါတယ်။ 

Google
Google

Kim Jaewon ရဲ့ ကုမ္ပဏီက ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ကုမ္ပဏီအဖြစ် လူသိများပြီး အဆင့်အတန်းတစ်ခုအနေနဲ့ လက်ရှိအချိန်အထိ နာမည်ပျက်မရှိဘဲ ရပ်တည်နိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T