တစ်ကမ္ဘာလုံးဘယ်သူမှ လိုက်လို့မမှီနိုင်တဲ့ Jungkook ချိုးပြလိုက်တဲ့ စံချိန်အသစ်…

//s9.kh1.co/ea/eacea38a5bf4f87e41e79df51b3fe13658ffadd0.jpg
အနုပညာရှင်များ

 ၀၉-ဒီ-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

၆ လမပြည့်ခင်မှာပဲ Jungkook ရဲ့ကမ္ဘာ့ဖလားသီချင်း Dreamers...

BTS အဖွဲ့ဝင် Jungkook ဟာသူ့ရဲ့ ကမ္ဘာကျော် သီချင်းနှစ်ပုဒ်နဲ့ ခြောက်လအတွင်း နံပါတ်တစ်နေရာကို ထိန်းထားနိုင်ခဲ့ပါတယ်။ Charlie Puth နဲ့ Jungkook တို့ရဲ့ Left and Right ဟာဆိုရင် ကမ္ဘာကျော်သီချင်းဖြစ်ခဲ့ပြီးတဲ့နောက် ၆ လမပြည့်ခင်မှာပဲ Jungkook ရဲ့ကမ္ဘာ့ဖလားသီချင်း Dreamers ထွက်ရှိလာခဲ့ပြီး သူ့ရဲ့အောင်မြင်နေတဲ့စံချိန်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=640,q=100/62/624c3506ea479ed759191e58eb19d5001f66d176.jpg

Jungkook ရဲ့ Dreamers သီချင်းဟာဆိုရင် နှစ်ပတ်အတွင်း YouTube မှာကြည့်ရှုသူ သန်း ၅၀ ကျော်ရရှိခဲ့ကာ ထွက်ရှိပြီး ၂၄ နာရီအတွင်း Billboard အပါအဝင် နိုင်ငံတကာဂီတပလတ်ဖောင်းတွေမှာ စာရင်းဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/72/7270f62051e419ef2e1d3948b5d52062acb52a61.webp

ဒါ့အပြင် Jungkook ရဲ့ Dreamers သီချင်းဟာဆိုရင် Billboard ရဲ့ Top 10 နေရာမှာ အချိန်အကြာကြီးနေနိုင်တဲ့ ပထမဦးဆုံးသော Kpop သီချင်းဖြစ်လာခဲ့ပြီး Jungkook ဟာလည်း Dreamers နဲ့ Left and Right နှစ်ပုဒ်ပေါင်းနဲ့ Billboard မှာအကြာဆုံးနေနိုင်တဲ့ Kpop အဆိုတော်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/22/2265c00a01316260c8cc35957be5dcbb8ef7c184.webp

အာမီလေးတွေကတော့ သူတို့ idol Jungkook အတွက် ဂုဏ်ယူနေကြပြီး ချီးကျူးဂုဏ်ပြုတာတွေလုပ်နေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T