နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်အချစ်တော် နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ပြီး သူရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာလည်း အချစ်ရေးနဲ့ ပတ်သက်ရင် လျှိူထားတဲ့သူကြီးလည်း ဖြစ်ပါတယ်။
နေတိုးကတော့ သူချစ်ရတဲ့ ကောင်မလေးနဲ့ ကျန်ခဲ့တဲ့ ဧပြီလလောက်ကမှ ရုတ်တရက် မင်္ဂလာဆောင်သွားတာကြောင့် ပရိသတ်တွေက အံ့ဩနေကြတာပါ။ လက်ရှိမှာတော့ နေတိုးက အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပြီး သူရဲ့ မိသားစုကို အချိန်ပေးထားတာပဲ ဖြစ်ပါတယ်။
အခုဆိုရင် သူတို့ရဲ့ မိသားစုထဲကို သားဦးလေးကရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံတို့ရဲ့ဘဝထဲ ကို သားဦးလေးရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းကို သူ့ရဲ့You Tube channel မှာ ဗီဒီယို လေးတင်ထားပြီး အသိပေးခဲ့တာဖြစ်ပါတယ်။