တစ်ခေတ်တစ်ခါက လူငယ်ပရိသတ်တွေနဲ့ ဂီတချစ်သူတွေကြား ရေပန်းစားခဲ့တဲ့ "မျက်နှာ" တေးသီချင်းပိုင်ရှင်ဖြစ်သူ ၊ IMP Music Band ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ အဆိုတော် Fly ကို မှတ်မိကြဦးမယ်ထင်ပါတယ်။

ပရိသတ်တွေသိပ်ကို သဘောကျခဲ့ရပြီး အသံခပ်အေးအေး နဲ့ "မျက်နှာ"သီချင်း ကို ပီပြင်အောင် ၊ အနှစ်သာရ ရှိအောင် သီဆိုခဲ့တဲ့ တောင်ကြီးသား အဆိုတော် Fly ဟာ ယမန်နေ့ ဒီဇင်ဘာ (၄)ရက် က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

အဆိုတော် Fly ဟာ ယမန်နေ့ ၊ ဒီဇင်ဘာ(၄)ရက်နေ့ ၊ နံနက်ပိုင်းက နှလုံးအဆို့ရှင်ဟတဲ့ရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါတယ်။ အဆိုတော် Fly တစ်ယောက် ကောင်းရာဘုံဘဝမှာ ပျော်နေနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။






