New Year ကို ချစ်ရတဲ့ မိသားစုနဲ့ အတူတူ ဖြတ်သန်းမယ်ဆိုတဲ့ Hyun Bin

//s9.kh1.co/99/99d8a21f55d19cae398369ffcca8e9e3b2d63ea6.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

New Year ကို ချစ်ရတဲ့ ဇနီးနဲ့ သားလေးနဲ့ အတူတူ ဖြတ်သန်းမယ်ဆိုတဲ့ Hyun Bin

Hyun Bin ကတော့ နိုင်ငံရပ်ခြားမှာ မရိုက်ကူးတွေ မလုပ်ခင် သူ့မိသားစုနဲ့ အချိန်ကုန်ဆုံးမှာဖြစ်ပါတယ်။Hyun Bin က လာမည့်နှစ် Lunar New Year ရဲ့ အားလပ်ရက်အထိ ကိုရီးယားနိုင်ငံမှာပဲ သူတို့ရဲ့ သားလေးနဲ့ ချစ်ဇနီးလေးနဲ့အတူ ဖြတ်သန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=709,q=100/32/32acdd2fb3e836e7489dd0c98f397c8bc125689c.jpg

အကြောင်းကတော့ သူ့ရဲ့နောက်ထပ်ရုပ်ရှင် “Harbin” ကို လာမယ့်နှစ် ဇန်နဝါရီ ၂၅ ရက်မှာ နိုင်ငံရပ်ခြားမှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ဒီဇင်ဘာလ 1 ရက်နေ့မှာ OSEN အစီရင်ခံတင်ပြချက်အရ ဒါရိုက်တာ Woo Min Ho ရဲ့ ရုပ်ရှင်အသစ် “Harbin” မှာ Hyun Bin က အဓိကမင်းသားနေရာကနေ ပါဝင်မှာဖြစ်ပြီး 2023 ခုနှစ် ဇန်နဝါရီလ 25 ရက်နေ့မှာ Latvia မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/e3/e3a9988bbd08b9d8e9e9c77e1468fac077ce809c.png

ဒါရိုက်တာ Woo Min Ho နဲ့ အဖွဲ့သားတွေက ရိုက်ကူးရေးအချိန်ဇယားအရ လတ်ဗီးယားနိုင်ငံကို ဇန်နဝါရီ ၂၅ ရက်မှာ ရောက်ရှိမှာဖြစ်ပြီး အဲဒီနေရာမှာ ရိုက်ကူးရေးစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။နိုင်ငံရပ်ခြားမှာ ရိုက်ကူးရေးလုပ်မယ့် ဇာတ်လမ်းက တစ်ယောက်နဲ့ တစ်ယောက် အချိန်မတူညီကြတဲ့အတွက် သရုပ်ဆောင်တွေက နိုင်ငံခြားကို ထွက်ခွာတဲ့ အချိန်လည်း ကွဲပြားကြမှာပါ။ ဆိုလိုတာက ဇန်န၀ါရီလ 20 ရက်နေ့ မှာ အတူတူ ထွက်ခွာမှာ မဟုတ်သလို နေထိုင်မယ့် အချိန်ကာလကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြတာပါ။ တစ်ခုတည်းမှာလည်း အတူ မနေ ကြဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/d1/d19ea40b732d4136d8a205c52df96d77d7eb62cd.webp

Hyun Bin နဲ့ Park Jung Min ၊ Cho Woo Jin ၊ Jeon Yeo Been ၊ Yoo Jae Myung နဲ့ Park Hoon တို့ဟာ ကိုရီးယားနှစ်သစ်ကူး အားလပ်ရက် အချိန်ပြီးဆုံးတဲ့ နောက်မှာ သူတို့ရဲ့ Schedule အတိုင်း ကိုရီးယားကနေ ထွက်ခွာဖို့ စီစဉ်ထားကြပါတယ်။ ဒါကြောင့် Hyun Bin က သားဦးမွေးဖွားခဲ့တဲ့ နိုဝင်ဘာလ 27 ရက်နေ့ကနေ စပြီး သူချစ်ရတဲ့ မိသားစုနဲ့ အတူတူ နှစ်လ နီးပါးလောက် တူတူနေမှာ ဖြစ်ပါတယ်။နိုဝင်ဘာ ၂၀ ရက်က စတင်ရိုက်ကူးခဲ့တဲ့ “Harbin” က အခုအချိန်အထိ ၁၀ ရာခိုင်နှုန်းလောက် ရိုက်ကူးပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/f7/f7185bcd9200ee6159873cfeacf2456aa4679d5f.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T