မအောင်မြင်ခင်က မျက်နှာခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ထိုင်းမင်းသမီး Bella

//s9.kh1.co/ed/ed765d761558c74f386c365d40228ea63ea371ab.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

လူတွေကလည်း ဝေဖန်မယ်ဆိုတာကြီးပဲ .. ထွက်လာတဲ့ ပုံတွေအရ အခုလိုပိန်ပိန်သွယ်သွယ်လေးမဟုတ်ဘဲ မျက်နှာကလည်း ဖောင်းနေပြီး နှာခေါင်းကလည်းကြီးနေတာကြောင့် …

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးဖြစ်တဲ့ Bella Campen ကတော့ ချောမောလှပလွန်းတဲ့ ရုပ်ရည်လေးအပြင် ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Bella ဟာ ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးကတည်းက သူမရဲ့ လှုပ်ရှားမှုတိုင်းလိုလိုမှာ ပရိသတ်တွေက စောင့်ကည့်နေကြတာဖြစ်ပြီး သူမရဲ့အချစ်သစ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ Bella က လက်ရှိမှာတော့ အချစ်ရေးနဲ့ ပတ်သက်ရင်တစ်ကိုယ်တည်းနေပဲ နေတော့မယ်ဖြစ်ကြောင်း နောက်ထပ်လည်း အချစ်ရေးကို မစဉ်းစားတော့ကြောင်းကိုinterview တွေမှာ ဖြေထားပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

မကြာသေးမီရက်ပိုင်းက လူမှုကွန်ယက်ထက်မှာ Bella ရဲ့ အနုပညာလောကထဲကို မဝင်ခင်က ပုံတွေ ပျံ့နှံ့လာခဲ့ပါတယ်။ ထွက်လာတဲ့ ပုံတွေအရ အခုလိုပိန်ပိန်သွယ်သွယ်လေးမဟုတ်ဘဲ မျက်နှာကလည်း ဖောင်းနေပြီး နှာခေါင်းကလည်းကြီးနေတာကြောင့် မျက်နှာခွဲစိတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တတ်နေတာပါ။ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ Bella ဘာပဲဖြစ်နေဖြစ်နေ သူမဘက်ကနေ ဆက်ရပ်တည်ပြီး အမြဲတမ်း အားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit : Mediathai.net 
Photo Credit : Mediathai.net 
Photo Credit : Mediathai.net
Photo Credit : Mediathai.net

Source: Mediathai.net 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T