ချစ်သူလေးနဲ့ နှစ်ဖက်မိဘတွေ တွေ့ဆုံပြီး မင်္ဂလာကိစ္စတွေဆွေးနွေးနေကြပြီဖြစ်တဲ့ ထိုင်းမင်းသား Sean Jindachot

//s9.kh1.co/6e/6e843882905c72da78c0868d567aca0166b7a8f8.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

P'Sean က မြန်မာပြည်အာဏာသိမ်းခံရတုန်းက​​ ​speak out လုပ်ပေးခဲ့တဲ့ တစ်ဦးတည်းသော ထိုင်းမင်းသားလေး 😍😍... သတို့သားလေးအဖြစ်သိပ်မကြာခင်‌‌

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Sean Jindachot ကတော့ မြန်မာပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ သူလေးဖြစ်သလို နိုင်ငံတကာမှာလည်း အောင်မြင်မှုရရှိထားတဲ့ သူလေးလည်း ဖြစ်ပါတယ်။ သူကအချစ်ရေးနဲ့ ပတ်သက်ရင်လည်း ပရိသတ်တွေကို တရားဝင်ချပြထားတာဖြစ်ပါတယ်။

Photo Credit : Sean Jindachot - Myanmar FC

သူရဲ့ချစ်သူကတော့ အနုပညာရှင်တွေထဲက မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး "Pipatchara" သားရေအိတ် အမှတ်တံဆိပ်ပိုင်ရှင်လည်းဖြစ်ပါတယ်။ P'Sean က ကျန်ခဲ့တဲ့လ ကပဲ ချစ်သူသက်တမ်း ၂ နှစ်ပြည့် Anniversary မှာပဲ ပဲရစ်ထိသွားပြီး လက်ထပ်ခွင့်တောင်းလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC

မကြာသေးမီရက်ပိုင်းကပဲ Sean Jindachot က သူ့လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားပါတယ်။ ပုံလေးတွေထဲမှာတော့ နှစ်ဖက်မိဘတွေ့ဆုံပြီး နေ့လည်စာ စားနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးကတော့ သူတို့အတွဲလေး မင်္ဂလာကိစ္စဆွေးနွေးနေကြပြီလို့ ထင်ကြေးတွေ ပေးနေကြပြီး မကြာခင်မှာ P'Sean ကို သတို့သားလေးအဖြစ် တွေ့မြင်ရတော့မယ်လို့ ပြောဆိုနေကြပါတယ်။

Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC
Photo Credit : Sean Jindachot - Myanmar FC

သတင်း အရင်းအမြစ်

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T