တွဲဖက်သရုပ်ဆောင်တွေဖြစ်လာကတည်းက မင်းသား Nine Naphat နဲ့ မင်းသမီး Baifern Pimchanok တို့ဟာ တကယ့်လက်တွေ့ဘဝမှာ ပရိသတ်တွေ အတွဲစေချင်ဆုံး အတွဲလေးလည်းဖြစ်ပါတယ်။ မကြာခဏဆိုသလို အနုပညာရှင် အသိုင်းအဝိုင်းမှာရော ပရိသတ်တွေကြားမှာပါ သူတို့နှစ်ယောက်က သူငယ်ချင်းလား တွဲနေပြီလားဆိုပြီး အပြောများနေကြပါတယ်။

သူတို့နှစ်ယောက်ကတော့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေသာဖြစ်ကြောင်းပြောကြားခဲ့ကြပေမယ့် မြန်မြန်တွဲဖို့ကို ဖန်တွေရော အနုပညာရှင်တွေကပါ အဆက်မပျက်တောင်းဆိုနေကြဆဲပါ။ အချစ်ရေးနဲ့ပတ်သတ်ပြီး မေးခွန်းတွေကို မကြာသေးခင်က အမျိုးသားသရုပ်ဆောင် Nine က ဖွင့်ပြောခဲ့ပါတယ်။

မကြာသေးမီက ထိုင်းသတင်းစာ ဖြစ်တဲ့ Khaosod မှာ ဖော်ပြခဲ့တာတော့ Nine Naphat နဲ့ Baifern Pimchanok တို့ဟာ Friend Zone အဖြစ်ကနေ ရုန်းထွက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Khaosod က ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ဒီဆက်ဆံရေးကို တရားဝင်ဖော်မပြခဲ့တာပါတဲ့။ ဘယ်သူက အရင်စည်းဖောက်ခဲ့လဲဆိုတာကိုတော့ နှစ်ယောက်လုံးက အတိအကျမပြောခဲ့တဲ့အတွက် ဖြေရှင်းမယ့် အချိန်ကို စောင့်နေခဲ့တာပါလို့ ဖော်ပြခဲ့ပါတယ်။



သတင်း အရင်းအမြစ်៖ Popular.com





