တောင်ကိုရီးယားမင်းသား Kim Hyun Joong ဟာဆိုရင် သူ့ရဲ့အမျိုးသမီးဖြစ်သူက သူ့ရဲ့ရည်းစားဟောင်းပဲ ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို Kim Hyun Joong က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ MBN ရဲ့ ‘Hot Goodbye’ အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Kim Hyun Joong က သူ့အနေနဲ့ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ၊ သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးက အထက်တန်းကျောင်းတုန်းက ချစ်ကြိုက်ခဲ့တဲ့ ရည်းစားဟောင်းလေးပဲ ဖြစ်ကြောင်း ၊ အသက် ၁၄ နှစ်အရွယ်မှာ ချစ်ကြိုက်ခဲ့ဖူးတဲ့ ရည်းစားဟောင်းလေးနဲ့သာ လက်ထပ်ခဲ့တာဖြစ်ကြောင်း ၊ အချစ်ဦးလေးက သူနဲ့ မွေးနေ့မွေးရက်ပါတူညီကြောင်း ၊ ကောင်းမွန်တဲ့မိသားစုကို ထိန်းသိမ်းလိုတာကြောင့် အခုလိုမျိုး ရည်းစားဟောင်းလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ကြောင့် ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Kim Hyun Joong ရဲ့ သားလေးကို ပြီးခဲ့တဲ့ ၂ လတုန်းက အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးကာစတုန်းက ကြောက်မိခဲ့ပေမယ့် အခုတော့ ကလေး အနှီးတွေ ဒိုင်ဘာတွေကအစ သေချာ လဲပေးတတ်နေပြီလို့ ဆိုပါတယ်။ မင်းသား Kim Hyun Joong က အချစ်ဦးကောင်မလေးနဲ့ အသက် ၁၄ နစ်မှာ ပထမဦးဆုံးတွေ့ခဲ့ပြီး အသက် ၃၇ နှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Kim Hyun Joong က ၂၀၀၆ ခုနှစ်မှာ SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး အဆိုတော်တစ်ယောက် မဖြစ်ခင်ကတည်းက ချစ်သူရည်းစားရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


Kim Hyun Joong က ၂၀၁၅ ခုနှစ်မှာ ရည်းစားဟောင်းဖြစ်သူကို ကိုယ်ဝန်ဖျက်ချစေခဲ့တဲ့အမှုနဲ့ တရားစွဲခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Kim Hyun Joong က လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ချစ်ကြိုက်ခဲ့တဲ့ အချစ်ဦးလေးကိုပဲ တန်ဖိုးထားလက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပထမဦးဆုံးသားလေးကိုတောင် ရရှိနေပါပြီ။

တစ်ခေတ်တစ်ခါတုန်းက နှုတ်ခမ်းနီးမလေးတွေရဲ့ အသည်းစွဲ အချစ်ဦး မင်းသားဖြစ်ခဲ့ဖူးတဲ့ Kim Hyun Joong ရဲ့ အချစ်ဇာတ်လမ်းလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။