Kim Soo Hyun နဲ့တွဲပြီးသရုပ်ဆောင်မယ့် မင်းသမီးအပေါ်စိတ်ဝင်စားမှုမြင့်တက်နေ..

//s9.kh1.co/0a/0a14b9a4f0a894a2c26d0e520dac4f8415ce2009.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၅pm · လွန်ခဲ့သော တစ်နှစ် က

ဒရမ်မာအသစ်မှာ Kim Soo Hyun နဲ့တွဲပြီးသရုပ်ဆောင်မယ့် မင်းသမီးအပေါ်စိတ်ဝင်စားမှုမြင့်တက်နေ..

လက်ရှိမှာတော့ မင်းသား Kim Soo Hyun နဲ့ မင်းသမီး Kim Ji Won တို့ ဟာဒရမ်မာအသစ်ဖြစ်တဲ့ “Queen of Tears” မှာပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြောနေကြပြီး အာရုံစိုက်မှုတွေလည်း ရရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/32/32858806b5c4cc106201b149d03494aa461738fd.jpg

မင်းသမီး Kim Ji Won ရဲ့အေဂျင်စီက နိုဝင်ဘာ ၂၂ ရက်နေ့က မင်းသမီး Kim Ji Won အနေနဲ့ “Queen of Tears” မှာ ပါဝင်ဖို့အတွက် သေသေချာချာ စဥ်းစားနေကြောင်း ပြောခဲ့ပါတယ်။“Queen of Tears” ဟာဆိုရင် ဇာတ်ညွှန်းရေးဆရာ Park Ji Eun ရဲ့လက်ရာဖြစ်ပြီး သူဟာဆိုရင် “My Love from the Star,” “Legend of the Blue Sea,” နဲ့ “Producer.” တို့လိုနာမည်ကြီးဒရမ်တွေကို ပုံဖော်ခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/70/701bdc6ddfc8d44f07c65175570616b72a1ae508.jpg

Kim Soo Hyun ဟာဆိုရင် “My Love from the Star” နဲ့ “Producer.” မှာပါဝင်ရိုက်ကူးဖူးတာကြောင့် အခုတစ်ခေါက်နဲ့ဆို တတိယအကြိမ်မြောက် ဇာတ်ညွှန်းရေးဆရာနဲ့ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။“Queen of Tears” မှာဆိုရင်တော့ ချမ်းသာတဲ့မိသားစုအတွင်းက မိသားစုပြဿနာတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဒရမ်မာဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ Kim Soo Hyun ရဲ့ဒရမ်မာအသစ်ဟာ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေပြီး ဘယ်သူတွေပါဝင်မလဲဆိုတာသိရဖို့ စောင့်မျှော်နေကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T