ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးရင်း ခရီးတွေထွက်နေတဲ့ Choi Tae-joon နဲ့ Park Shin Hye တို့ မိသားစု

//s9.kh1.co/e0/e0f426f2a7994b7d2fbe13d1d4281fa61b86a7a7.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၅pm · လွန်ခဲ့သော တစ်နှစ် က

မိသားစုနဲ့တူတူ ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးရင်း ခရီးတွေထွက်နေတဲ့ Choi Tae-joon နဲ့ Park Shin Hye တို့ စုံတွဲ

မင်းသမီး Park Shin-hye နဲ့ လက်ထပ်ခဲ့တဲ့ မင်းသားChoi Tae-joon ကတော့ သူတို့ရဲ့ မိသားစုဘဝ အခြေအနေကို အမြဲတမ်း မျှဝေလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/24/24da48ce7a6798d4d2717b0ee3a98f2a3b1e90a1.jpg

သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ Post မတင်တာကြာပြီဖြစ်တဲ့ သူတို့စုံတွဲလေးက မကြာသေးမီက " Hello, flower hareubang .. တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော် မျက်လုံးတွေထဲမှာ ဒီလိုလှပတွေအရာတွေကို အမြဲတမ်း ထည့်ထားချင်တယ်။

https://s9.kh1.co/__image/w=650,h=813,q=100/a2/a2b25c7c52458bd98b4a1ba2c8a01536295a158f.jpg

”တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ Choi Tae-joon က ပန်းတွေနဲ့ လုပ်ထားတဲ့ Dolhareubang ကြီးတစ်ခုရှေ့မှာ ချိုသာတဲ့ အပြုံးလေးတွေနဲ့ ပြုံးနေပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/11/113e5137df4f0af30ae3907961554bc879addcf3.jpeg

Choi Tae-joon ဓါတ်ပုံရိုက်ခဲ့တဲ့နေရာက Jeju ကျွန်းမှာ တည်ရှိတဲ့ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး သူ့ရဲ့ မိန်းမPark Shin-hye နဲ့ သူ့သားလေးတို့နဲ့အတူ မိသားစုခရီးထွက်ခဲ့ကြတယ်လို့ ထင်ကြေးတွေပေးခံနေရပါတယ်။သူတို့နှစ်ယောက်က ၂၀၂၂ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အကျဉ်းချုံးမင်္ဂလာပွဲလေး ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T