Superman is Back’ အစီအစဉ်မှာ ရိုက်ကူးရေးတွေ ပြုလုပ်လျက်ရှိတဲ့ Naeun ၊ Gunhoo နဲ့ Jinwoo တို့ရဲ့ မေမေဟာဆိုရင် လက်ရှိမှာ ကင်ဆာ ရောဂါဝေဒနာ ခံစားနေရလျက်ရှိတယ်လို့ သိရပါတယ်။ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မေမေ Anna က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

မေမေ Anna က လက်ရှိမှာ ကင်ဆာရောဂါကုထုံးကို ကုသမှုခံယူနေတာဖြစ်ပြီး ရောဂါသက်သာဖို့အတွက် အကောင်းဆုံးကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။Anna က သူမကိုယ်သူမ ဖော်ပြတဲ့နေရာမှာ မတော်ကြောင်း ၊ အရာအားလုံးကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းသွားမှာဖြစ်ကြောင်း ၊

အခုကိစ္စနဲ့ ပတ်သက်ပြီး တခါမှ ဆိုးရွားတယ်လို့ မခံစားခဲ့ရကြောင်း ၊ တိတ်တဆိတ်နေခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြောင်း ၊ သူမအနေနဲ့လက်ရှိအချိန်မှာ အရမ်းကို ပျော်ရွှင်ပါကြောင်း ၊ သူမကို အသက်ရှင်သန်စေချင်တဲ့သူတွေ စိတ်မပျက်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ခွန်အားအပြည့်နဲ့ ရေးသားခဲ့ပါတယ်။

Anna က လက်ရှိမှာ ရေဒီယိုကုထုံးနဲ့ရောဂါ ကုသနေလျက်ရှိပြီး ကင်ဆာရောဂါကနေ အပြည့်အဝ သက်သာဖို့ ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။

Anna က KBS variety program တစ်ခုဖြစ်တဲ့ 'Superman is Back’ အစီအစဉ်က ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။
