ပရိသတ်တွေက တွဲစေချင်နေကြတဲ့ Cha Eun-woo နဲ့ Moon Ga-young

//s9.kh1.co/d5/d562d4e1fefb132b84379da8f6927274216394eb.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

ချိန်းတွေ့နေတယ်လို့ သတင်းတွေထွက်နေတဲ့ Cha Eun-woo နဲ့ Moon Ga-young

တောင်ကိုရီးယားမင်းသား Cha Eun-woo နဲ့ Moon Ga-young တို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့သတင်းတွေဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးလို့နေပါတယ်။ Cha Eun-woo နဲ့ Moon Ga-young တို့နှစ်ဦးက ၂၀၂၀ ခုနှစ်တုန်းက True Beauty ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အရမ်းကို လိုက်ဖက်ညီလွန်းတာကြောင့် သူတို့နှစ်ဦးကို သဘောတူကြတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=815,q=100/a8/a80bfa475cdd5fff300158373e94867b3074089a.jpg

သူတို့ နှစ်ဉီးကို ပရိသတ်တွေက ချစ်လွန်းလို့ Shin Shin စုံတွဲလို့တောင် နာမည်ပေးထားကြပါတယ်။ဇာတ်လမ်းတွဲက ပြီးသွားပေမယ့်လည်း ပရိသတ်တွေက သူတို့နှစ်ဦးကို ချစ်မြဲချစ်ဆဲ ဖြစ်နေပြီး အပြင်မှာပါ တကယ်ကြီး တွဲစေချင်နေကြပါတယ်။ ဒါ ကြောင့် ဇာတ်လမ်းပြီးဆုံးသွားကတည်းက သူတို့ နှစ်ဉီးကို ပရိသတ်တွေ များစွာက စောင့်ကြည့်နေကြပြီး တွဲနေကြတယ်ဆိုတဲ့ သတင်းတွေလည်း များစွာ ထွက်ရှိလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/d5/d539b877fbc30590e6770c9a57afc2c0930d56d3.jpg

နှစ်ဦးနှစ်ဖက် ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Moon Ga-young ဘက်ကရော Cha Eun-woo ဘက်ကရော တရားဝင်ကြေညာချက်မျိုး ထုတ်ပြန်ထားခြင်းမရှိပါဘူး။တောင်ကိုရီးယားမင်းသမီး Moon Ga-young က အသက် ၁၀ နှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာတဲ့သူဖြစ်ပြီး အနုပညာလောကထဲမှာ အရမ်းကို နာမည်ကြီးတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=911,q=100/c4/c409c801a76fc9e6f97c2275e4ed5668b2e3125e.jpg

Moon Ga-young က လက်ရှိမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး Cha Eun-woo က အသက် ၂၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။သူတို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့သတင်းက မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး အခုတစ်ခေါက်မှာလည်း ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/99/993bbe3e6c2dbf1d755df78c792b461806537ec7.jpg

သတင်းမှန်ကန်လားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပေမယ့် ပရိသတ်တော်တော်များများကတော့ တကယ်ဖြစ်လာဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T