အခုနောက်ပိုင်းမှာဆိုရင် နာမည်ကြီး K-pop Idol တွေဟာ နိုင်ငံတကာကို ဖျော်ဖြေပွဲကိုအသွားရဆုံး idol တွေဖြစ်ကြပါတယ်။ အဲ့ဒီလိုနိုင်ငံခြားခရီးတွေသွားတိုင်း K-pop Idol တွေဟာဈေးကြီးလွန်းတဲ့ ကြယ် ၅ ပွင့်ဟိုတယ်ကြီးတွေမှာပဲ တည်းခိုလေ့ရှိတယ်လို့သိရပါတယ်။

မကြာခင်ကမှ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကိုသွားရောက်ဖျော်ဖြေခဲ့တဲ့ Jungkook ဟာဆိုရင် ကာတာမှာအကောင်းဆုံး ပြုမူတာကိုခံခဲ့ရပါတယ်။ Jungkook တည်းခိုခဲ့တဲ့ ဟိုတယ်ဟာဆိုရင် နန်းတော်တစ်ခုလို ကြီးကျယ်ခမ်းနားပြီး အကောင်းဆုံး၊ ဈေးအကြီးဆုံးအသုံးအဆောင်တွေနဲ့ ပြုစုဧည့်ခံတာခံခဲ့ရပါတယ်။


ထို့အတူပြင်သစ်က Paris Fashion Week ကိုတက်ရောက်ခဲ့တဲ့ Jisoo ဟာဆိုရင်လည်း Dior ကပြင်ဆင်ပေးတဲ့ ဇိမ်ခံဟိုတယ်ကြီးမှာ တည်းခိုခဲ့ရပြီး အဲ့ဒီဟိုတယ်ကြီးဟာ ပါရီမြို့လည်က တစ်ညဒေါ်လာ ၄၀၀၀ တန်ဇိမ်ခံဟိုတယ်ကြီးဖြစ်ပါတယ်။

Park Bo Gum, BTS V နဲ့ BlackPink Lisa တို့ဟာလည်း ပြင်သစ်နိုင်ငံရဲ့ ဖက်ရှင်ရှိုးသွားတဲ့အချိန် အကောင်းဆုံးသော ဟိုတယ်မှာတည်းခိုပြီး ခေါင်မိုးကနေပြင်သစ်မြို့ကြီးကိုကြည့်ခွင့်ရခဲ့ကာ အသွားအပြန်ကိုလည်း ကိုယ်ပိုင် ဂျက်လေယာဥ်နဲ့ သွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကျော်တွေရဲ့ဘဝကတော့ အမြဲတမ်းဇိမ်ပဲနော်။
Photos- credit