ကားတစ်စီးလုံးကို ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့တာကြောင့် လူတွေရဲ့အထင်ကြီးမှုကိုခံနေရတဲ့ Jennie…

//s9.kh1.co/c8/c8906335093130f3734c7b877ce88e812607d0ec.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

ဗီဒီယိုထဲမှာတော့ Jennie ကိုသူကိုယ်တိုင်…

နိုဝင်ဘာ 24 ရက်နေ့က BlackPink အဖွဲ့ဝင် Jennie ဟာသူ့ရဲ့ YouTube channel ဖြစ်တဲ့ 'Jennierubyjane Official' မှာ သူ့ရဲ့ vlog video တစ်ခုကိုတင်ခဲ့ပြီး လူတွေရဲ့အထင်ကြီးမှုကို ရရှိလို့နေပါတယ်။ ဗီဒီယိုထဲမှာတော့ Jennie ကိုသူကိုယ်တိုင် ဒီဇိုင်းဆွဲပြီးထုတ်လုပ်ထားတဲ့ Porsche ဇိမ်ခံကားကြီးနဲ့မြင်ရတွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=392,q=100/80/80469511ce6bff4958503c70c210c43e5f2125a1.png

Studio ခန်းထဲဝင်လာပြီး အမဲရောင်အဝတ်အုပ်ထားတဲ့ အောက်ကကားကြီးကို ပြသခဲ့ကာ Jennie ရဲ့ပျော်ရွှင်နေတဲ့အသံကိုလည်း အားတက်ဖွယ်ကြားရကာ ကားကြီးနဲ့ပုံတွေတွဲရိုက်တေတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=609,h=341,q=100/ca/cac8992a2bbadd0fe36d5cbc5507f328e4a90968.webp

Jennie ကိုယ်တိုင်အစအဆုံးဒီဇိုင်းဆွဲထားတဲ့ ကားသစ်ကြီးမှာတော့ Jennie ရဲ့လက်ရာတွေကို တနေရာမှာမကျန်‌တွေ့ရကာ ကားရဲ့ဘေးမှာ JennieRubyjane ဆိုတဲ့စာသားကတုနှိုင်းမဲ့စွာ တွေ့နေရကာ ထိုင်ခုံတွေမှာလည်း Jennie ရဲ့ idea တွေကိုအစအဆုံးတွေ့ရပါတယ်။

https://s9.kh1.co/__image/w=609,h=341,q=100/f8/f8b93178123e76e5f0abb929df549dee41e3d237.webp

Jennie ကိုတော့မနှစ်ကတည်းကသူကိုယ်တိုင် စိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ ကားကြီးကိုတွေ့ရလို့ပျော်နေတာကိုတွေ့ရပါတယ်။ Jennie ရဲ့ Porsche ကားကြီးကိုတော့ Sonderwunsch Hous လို့နာမည်ပေးထားကာ တစ်ကမ္ဘာလုံးမှာ တစ်စီးပဲရှိတဲ့ကားကြီးလည်း ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=812,q=100/e2/e22b645d44fa742f515c43fa5e085f40ba404730.jpg

ပရိသတ်တွေကတော့ Jennie ရဲ့ idea နဲ့ စိတ်ကူးကောင်းမှုကို ချီးကျူးအသိအမှတ်ပြုနေကြပါတယ်။ 

Photos- credit 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T