43 ကြိမ်မြောက် Blue Dragon Film Awards ပွဲတော်ဟာဆိုရင် လှပတဲ့ခန့်ညားတဲ့ ဖက်ရှင်တွေနဲ့ အလှတွေ ပြိုင်ကြရတဲ့ ရုပ်ရှင်ဆုပေးပွဲအခမ်းအနားတစ်ခုဖြစ်ပါတယ်။ အဆိုပါ ပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားအနုပညာရှင်တွေဖြစ်တဲ့ IU ၊ Seo Eun Soo ၊ Chun Woo Hee ၊ Im Yoon Ah နဲ့ Tang Wei အပါအဝင် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။





အဆိုပါပွဲအခမ်းအနားမှာ အနုပညာရှင်များစွာက လှပခန့်ညားပြီး ချစ်စဖွယ်ကောင်းတဲ့ ပွဲတက်ဂါဝန်တွေကိုဝတ်ဆင်ခဲ့ကြပေမယ့် တစ်ယောက်သောသူကတော့ ဆိုးရွားလှတဲ့ ဂါဝန်ပုံစံကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။

သူမကတော့ မင်းသမီး Tang Wei ပဲဖြစ်ပါတယ်။ Tang Wei ရဲ့ ဂါဝန်က ကားနေတဲ့ ဇာအသားများကိုအတွန့်နဲ့ချုပ်ထားတဲ့အပြင် အိတ်ကပ်ဒီဇိုင်းတွေကိုပါထည့်ထားတာကြောင့် ခန္ဓာကိုကောက်ကြောင်းပေါ်စေဖို့အတွက် အခက်ဖြစ်သွားစေပါတယ်။

ဒါကြောင့် သူမရဲ့ဝတ်စုံဒီဇိုင်းကို ဒီဇိုင်နာက စမ်းသပ်ပြီးများ ဖန်တီးထားတာလားဆိုပြီး မေးခွန်းထုတ်ထားတာတွေတောင် ရှိပါတယ်။ ဒါ့အပြင် ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံနဲ့ ဖိနပ်ကလည်းဝတ်စုံနဲ့ လုံးဝကို လိုက်ဖက်မှု ရှိမနေဘဲ ဖြစ်နေပါတယ်။

Tang Wei အနေနဲ့ ရိုးရိုးလေးဝတ်ရင်တောင် ကြည့်ကောင်းနိုင်တဲ့ ကောင်မလေး ဖြစ်နိုင်ပေမယ့် အခုလိုမျိုး ဆိုးရွားတဲ့ ဒီဇိုင်းကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ အလှနတ်သမီးလေးတွေကြားမှာ ဝတ်စုံမလှပမှုကြောင့် ထင်သလောက် မျက်နှာ မရခဲ့တဲ့ မင်းသမီး Tang Wei ရဲ့ ဝတ်စုံဖက်ရှင်လေးကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။