တစ်ကမ္ဘာလုံးကို အံဩမှင်သက်စေခဲ့တဲ့ 'Dreamers' ကိုရေးခဲ့တဲ့ တေးရေးဆရာ…

//s9.kh1.co/d0/d000caad325bcdf7ecc20d9d2a1a3a64a3a6e38b.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာ့ဖလားမကျင်းပခင် တစ်လလောက်အလို…

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲကြီးမှာဆိုရင် BTS အဖွဲ့ဝင် Jungkook ဟာ “Dreamers” ဆိုတဲ့ သီချင်းနဲ့ အကောင်းဆုံးဖျော်ဖြေခဲ့ပြီး လူတွေရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားမကျင်းပခင် တစ်လလောက်အလို BTS တွေဖျော်ဖြေမယ်လို့ သတင်းထွက်ကတတည်းက သူတို့ ဘယ်လိုသီချင်းမျိုးနဲ့ ဖျော်ဖြေမလဲ လိုက်ရောလိုက်ဖက်ပါ့မလားဆိုတာကို သိချင်နေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/7b/7be4f9ce59488e5cc09bee11bf56c2724b9854d5.jpg

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်‌နေ့ကတော့ Jungkook ရဲ့ “Dreamers” သီချင်းထွက်ရှိလာခဲ့ပြီး အားလုံးရဲ့သံသယတွေကို ရှင်းသွားစေခဲ့ပါတယ်။ “Dreamers” သီချင်းဟာဆိုရင် မြူးကြွပြီး ကမ္ဘာ့ဖလားရဲ့အငွေ့အသက်ကို အပြည့်အဝပေးစွမ်းနိုင်ခဲ့ကာ သီချင်းရဲ့စာသာတွေဟာလည်း အဓိပ္ပာယ်ပြည့်ဝလို့နေပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/8e/8ea0af27b2152309ad6d41e8db37a772e15a012c.jpg

သီချင်းစာသားထဲမှာဆိုရင် ဝါသနာကြီးသူတွေ၊ တစ်ခုခုကိုရူးသွပ်စွာ ချစ်မြတ်နိုးသူတွေကို လေးစားကြဖို့ အဓိကထားဆိုထားပါတယ်။ အဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့ စာသားတွေကို ရေးထားသူကတော့ အာမီလေတွေရဲ့ အချစ်တော် Jungkook ကိုယ်တိုင်ပဲဖြစ်တယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/30/30ee340dbfd9a4674a885a9ae480f61dd8651092.jpeg

သီချင်းကို Jungkook, Pet Devine, Red One နဲ့ ကာတာအဆိုတော် Mustapha El Ouardi တို့ အတူရေးစပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ “Dreamers” ဟာလက်ရှိမှာတော့ YouTube နဲ့ Spotify မှာ သန်းနဲ့ချီတဲ့ နားထောင်သူတွေရှိနေပြီး အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။ ပရိသတ်တွေကတော့ အဆိုရော, အရေးပါ ထူးချွန်တဲ့ သူတို့ရဲ့ idol Jungkook ကိုချီးကျူးနေကြပါတယ်။ 
Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T