နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ထိုင်းမင်းသားချော P Push ကတော့ သူ့ချစ်တဲ့ မမ Warattaya နဲ့ 2018 ကတည်း လက်ထပ်သွားခဲ့တာ ဖြစ်ပြီး အခုဆိုရင် သာယာပျော်ရွှင်တဲ့ ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။


အိမ်ထောင်သက် (၃) နှစ်ကြာမှာတော့ သူတို့အရမ်းကို လိုချင်နေတဲ့ ကလေးလေးကို ပိုင်ဆိုင်ထားဖြစ်တာကြောင့်လင်မယားနှစ်ယောက်လုံး ဝမ်းသာပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။


ကိုယ်ဝန်ကလည်း ၈ လ လောက် ရှိနေပြီမို့ ရင့်မာနေပြီး ရှေ့လလောက်ဆိုရင် သားလေးကို မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေကလည်း သားလေးကို တွေ့ တော့မှာမို့ အရမ်းကို ရင်ခုန်ပြီးစောင့်မျှော်နေကြတာပါ။


လူ့လောကမရောက်ခင်ကတည်းက ဖေဖေ Push ကသူ့ သားလေးကို ဘယ်လောက်ချစ်ကြောင်းကို ပုံလေးနဲ့သက်သေပြခဲ့ပါတယ်။ ပုံလေးထဲမှာတော့ သားလေးကို ဒူးထောက်ပြီး နမ်းနေတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ဇနီးမောင်နှံ ပုံရိပ်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source : Warattaya‘s IG Acc