ကမ္ဘာ့အချောဆုံး မျက်နှာပိုင်ရှင် 10 ဦးစာရင်းထဲ ပါဝင်လာတဲ့ ထိုင်းလူမျိုး အနုပညာရှင်များ…

//s9.kh1.co/3b/3b16155909a8a2776c0398172f40a396d851e663.jpg
အနုပညာရှင်များ

 ၂၅-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

မဲစနစ်နဲ့ ရွေးချယ်ခဲ့တဲ့ အဲ့ဒီအချောဆုံးစာရင်းမှာဆိုရင်...

မကြာသေးမီကမှ ရွေးချယ်ခဲ့တဲ့ ကမ္ဘာပေါ်ကအချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ မှာ ထိုင်းလူမျိုးအများအပြား ပါဝင်ခဲ့ပါတယ်။ မဲစနစ်နဲ့ ရွေးချယ်ခဲ့တဲ့ အဲ့ဒီအချောဆုံးစာရင်းမှာဆိုရင် BTS အဖွဲ့ဝင် V က နံပါတ်တစ်နေရာကိုရရှိပြီး အချောဆုံးမျက်နှာပိုင်ရှင်ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/de/dec07cc9227a699d91c6f85cdc8e14c30cea40d0.webp

ဒုတိယမဲအများဆုံးနဲ့ နံပါတ်နှစ်နေရာကိုတော့ BlackPink အဖွဲ့ဝင် Lisa ကရရှိခဲ့ပြီး ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူစရာဖြစ်ပါတယ်။ V နဲ့ Lisa တို့ရဲ့နောက်မှာတော့ BTS နဲ့ BlackPink အဖွဲ့ဝင်တွေက အသီးသီးနေရာယူထားတာကို တွေ့ရပါတယ်။ နံပါတ် ၈ နဲ့ နံပါတ် ၉ နေရာတွေကိုတော့ ထိုင်းလူမျိုးသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Metawin (Win) နဲ့ Vachirawit Bright (Bright) တို့ကရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/2a/2ac53cccf2ba86913d38c66cbf2de03d99c1daea.jpg

Win နဲ့ Bright တို့နှစ်ဦးဟာ ထိုင်းနာမည်ကြီး BL series ဖြစ်တဲ့ 2gether မှာပါဝင်သရုပ်ဆောင်ရင်း လူသိများ နာမည်ကြီးလာတဲ့ သရုပ်ဆောင်တွေလည်းဖြစ်ကြပါတယ်။ ပရိသတ်တွေကတော့ ထိုင်းလူမျိုး ၃ ဦးအနေနဲ့ အခုလိုကမ္ဘာ့အချောဆုံးစာရင်းထဲ ဝင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူနေကြပြီး ထိုင်းတွေရဲ့မျက်နှာဟာ အာရှမှာအချောဆုံး မျက်နှာတွေဖြစ်ကြတယ်လို့ ပြောနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=411,q=100/2d/2d7c9f310ebd9d98e139e5279881fa3d90bb789f.jpg

ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် ၁၀ ဦးကတော့-

1.      Kim Taehyung (BTS)

2.      Lalisa “Lisa” Manoban (BlackPink)

3.      Jeon Jungkook (BTS)

4.      Kim Jennie (BlackPink)

5.      Kim Jisoo (BlackPink)

6.      Cha Eun Woo (Astro)

7.      Kim Seokjin (BTS)

8.      Metawin “Win” Opas-iamkajorn (Thai actor)

9.      Vachirawit “Bright” Chivaaree (Thai actor)

10. Lee Jeno (NCT) တို့ပဲဖြစ်ကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T