အသက်ကြီးမှချိန်းတွေ့နေကြတယ်လို့ သတင်းထွက်လာတဲ့ Jung Yu Mi နဲ့ Lee Seo Jin

//s9.kh1.co/3d/3d5f57c198786adf08b87064705bf55b23593728.jpg
အနုပညာရှင်များ

 ၂၅-နို-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

အသက်ကြီးမှချိန်းတွေ့နေကြတယ်လို့ သတင်းထွက်လာတဲ့ Jung Yu Mi နဲ့ Lee Seo Jin

တောင်ကိုရီးယားမင်းသမီး Jung Yu Mi ဟာဆိုရင် မင်းသား Lee Seo Jin နဲ့လော့စ်အိမ်ဂျလိစ်မြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  အခုအကြောင်းအရာနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့က Jung Yu Mi ရဲ့ အေဂျင်စီဖြစ်တဲ့ Management SOOP က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ Jung Yu Mi က အချိန်စာရင်းတစ်ခုကြောင့် အမေရိကန်နိုင်ငံကို ရောက်ရှိနေတာလို့ သိရပြီး အဲဒီမှာ မင်းသား Lee Seo Jin နဲ့ တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက ဘေ့စ်ဘောပွဲကို အတူတူ ကြည့်ခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကို တွဲနေကြတာလားလို့ သံသယဝင်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦး ဘေ့စ်ဘောကြည့်နေတဲ့ပုံရိပ်က စိတ်ခံစားမှုကောင်းလွန်းတာကြောင့် ပရိသတ်တွေများစွာက သူတို့ကို အရမ်းချစ်နေကြပါတယ်၊ တောင်ကိုရီးယားမင်းသမီး Jung Yu Mi နဲ့ မင်းသား Lee Seo Jin တို့က ၂၀၁၇ ခုနှစ်မှာ tvN ရဲ့ Youn’s Kitchen အစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Jung Yu Mi က အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး မင်းသား Lee Seo Jin က အသက် ၅၁ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

သူတို့နှစ်ဦးက အသက် အရမ်းကွာနေတာကြောင့် ပရိသတ်တွေ အနေနဲ့ သူတို့နှစ်ဦး တွဲနေကြတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်နေသူတွေလည်း ရှိပါတယ်။ နှစ်ဦးနှစ်ဖက်အေဂျင်စီတွေကတော့ သူတို့နှစ်ဉီးတွဲနေတဲ့သတင်းက မမှန်ကန်ဘဲ ရိုးရိုးသူငယ်ချင်းတွေသာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်၊

Google
Google
Google
Google

ဓာတ်ပုံတစ်ပုံကြောင့် အသက်ကြီးမှ dating news ထွက်လာကြတဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသားကြီးနဲ့မင်းသမီးကြီးအကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။                                         

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T