BTS အဖွဲ့ဝင် Jungkook ဟာဆိုရင် လတ်တလောမှာ ကမ္ဘာမှာဖော်ပြအခံရဆုံး အနုပညာရှင်ဖြစ်လို့နေပါတယ်။ Jungkook ရဲ့သီချင်းအသစ်လည်းဖြစ် ကမ္ဘာ့ဖလားသီချင်းလည်းဖြစ်တဲ့ “Dreamers” ဟာဆိုရင်လက်ရှိကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးသီချင်းတစ်ပုဒ်ဖြစ်နေပြီး ကမ္ဘာတစ်လွှားက ဂီတပလတ်ဖောင်းတော်တော်များများမှာ လည်းကောင်းမွန်တဲ့ ရလဒ်တွေကိုရရှိလို့နေပါတယ်။

“Dreamers” ထွက်ပြီးနောက်မှာတော့ Jungkook ရဲ့ သက်ရောက်မှုဟာ ကြီးမားကြောင်းတွေ့ရှိခဲ့ရပြီး Jungkook ဟာ Spotify မှာ အကောင်းဆုံးနဲ့ အကြီးမားဆုံး သီချင်း ၃ ပုဒ်ကို ပွဲဦးထွက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော အာရှအဆိုတော်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီသီချင်း ၃ ပုဒ်ထဲမှာတော့ Left and Right က ၆.၇ သန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး မကြာသေးမီကမှ ထွက်ရှိလာတဲ့ “Dreamers” ကတော့ ၄.၈ သန်းနဲ့ ဒုတိယနေရာမှာရှိနေကာ သူ့ရဲ့သီချင်းပဲဖြစ်တဲ့ Stay Alive ကတော့ ၄.၂ သန်းနဲ့တတိယနေရာမှာရှိနေပါတယ်။

ပရိသတ်တွေကတော့ Jungkook ရဲ့အောင်မြင်မှုကိုချီးကျူးနေကြပြီး အခုလိုအောင်မြင်မှုမျိုးကို ပုံမှန် ၂၄ နှစ်အရွယ်လူတစ်ဦးအနေနဲ့ ရဖို့ဆိုတာမလွယ်ကူဘူးလို့လည်း ပြောနေကြပါတယ်။
Photos- credit