ကနေဒါ နိုင်ငံသားတစ်ဦးဖြစ်သလို လူငယ်ဆန်ဆန် တေးသီချင်းစာသားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်လာသူကတော့ အားလုံးကချစ်ကြတဲ့ အဆိုတော် ဂျက်စတင်ဘီဘာပဲ ဖြစ်ပါတယ်။

ဂျက်စတင်ဘီဘာ ဟာ သိပ်မကြာခင်က ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ Drew House ဖွင့်ပွဲကို တက်ရောက်လာခဲ့ပြီး အခုအခါမှာတော့ ခါတိုင်းနဲ့မတူပဲ တိတ်တဆိတ်လာရောက်ပြီး ပရိသတ်ကို အံ့အားသင့်အောင် စပရိုက်တိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့သလို စပရိုက်တိုက်တဲ့အခါမှာလည်း သူ့ပရိသတ်တွေအားလုံးကသူ့ကို မမှတ်မိအောင် ဆံပင်အတို အတု ကို ဝတ်ဆင်ကာ လုံးဝရုပ်ဖျက်ထားခဲ့တာဖြစ်ပါတယ်။ အဲ့လိုရုပ်ဖျက်ခဲ့တာဟာ အောင်မြင်သွားပြီး ပရိသတ်တွေက သူမှန်းမသိပဲ အေးဆေးနေနေရာမှ ဂျက်စတင် က ပရိသတ်ကို အံ့အားသင့်သွားအောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


