ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ အသက် ၁၇ နှစ်အရွယ် ရိန်းရဲ့ စင်တင်မင်းသမီးလေး Oh Ye Ju

//s9.kh1.co/24/24c1c24c25e3e90ba101e47e3d8ce884d9245717.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၂ ၂pm · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်တွေကြားမှာနာမည်ကြီးနေတဲ့ အသက် ၁၇ နှစ်အရွယ် ရိန်းရဲ့စင်တင်မင်းသမီးလေး Oh Ye Ju

Under The Queen's Umbrella ဇာတ်လမ်းနဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့သူကတော့ ရိန်းရဲ့ကုမ္ပဏီကနေ စင်တင်မင်းသမီးအဖြစ် ပွဲထုတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် Oh Ye Ju ပဲ ဖြစ်ပါတယ်။Oh Ye Ju က ၂၀၀၄ ခုနှစ်မှာမွေးခဲ့ပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးပေမယ့် နေ့တိုင်း တိုးတက်ဖို့အတွက် ကြိုးစားနေတဲ့သူလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=793,q=100/bb/bb734060832bcff63d801c46685ee0d208cedafc.jpg

တက်သစ်စမင်းသမီးလေး Oh Ye Ju က လက်ရှိမှာ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ရိုးသားဖြူစင်တဲ့ ပုံရိပ်လေးကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/a8/a8d7af8be24522de9c4a298b5160a71f46708a62.jpg

RAIN ရဲ့ ကုမ္ပဏီဟာဆိုရင် ကေပေါ့လောကအတွက် အဆင့်အတန်းတစ်ခုရှိတဲ့ တက်သစ်စ အနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်၊။

https://s9.kh1.co/__image/w=650,h=366,q=100/21/2120f671e078612afd3c6f48e9c1898446a834de.jpg

ဒါကြောင့် ပရိသတ်တွေအားလုံးက RAIN ကိုယ်တိုင်စင်တင်ပေးဖို့အတွက် ရွေးချယ်လိုက်တဲ့ အနုပညာရှင်က ထူးခြားတဲ့သူဖြစ်တယ်ဆိုတာကို ယုံကြည်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/ee/ee8e283e1551321dd355b1b1d5d0b309cb68c3ed.jpg

ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း Oh Ye Ju က အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး အသက်အရွယ်နဲ့မလိုက်အောင်ကို တော်လွန်းတာကြောင့် ပရိသတ်တွေ အားလုံးက ချီးကျူးနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/d0/d0ae37c2ca22ab9bb1e737c9ba34961b9beb22d5.jpg

မင်းသား RAIN ရဲ့ သမီးလေးလို့ ပရိသတ်တွေ ကြားမှာ နာမည်ကြီးနေတဲ့ အသက် ၁၇ နှစ်အရွယ် မင်းသမီး Oh Ye Ju အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/99/99cb67bccd55947d82786dab355c5bc1bd37358f.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T