ထိုင်းဝတ်စုံကို ကမ္ဘာကသိအောင်လုပ်ပေးနေကြတဲ့ ကိုရီးယားရောက် ထိုင်းလူမျိုး idol များ..

//s9.kh1.co/2b/2b01ff4850c6ecedd81b4036234c1d5922e534db.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကိုရီးယားမှာအနုပညာအလုပ်လုပ်နေတဲ့ ထိုင်းတွေဟာ...

ကိုရီးယားရဲ့ Kpop idol တွေထဲမှာဆိုရင် ထိုင်းနိုင်ငံကနေလာပြီး အောင်မြင်နေတဲ့ idol တွေအများကြီးရှိပါတယ်။ အခုနှစ်ပိုင်းတွေမှာ ကိုရီးယားမှာအနုပညာအလုပ်လုပ်နေတဲ့ ထိုင်းတွေဟာ ကိုရီးယားအိုင်ဒေါလ်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ အောင်မြင်လာပြီး သူတို့ရဲ့အောင်မြင်မှုနဲ့အတူ ထိုင်းယဥ်ကျေးမှုကိုပါ နိုင်ငံတကာကိုချပြနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=628,h=638,q=100/00/00ccd8b888de02f7d0d872648f54e4a76f7ba1dc.webp

G-idle အဖွဲ့ဝင် Minnie ဟာဆိုရင်တစ်ခါက Chut Thai လို့ခေါ်တဲ့ ထိုင်းရိုးရာဝတ်ဆုံကိုဝတ်ဆင်ပြီး ထိုင်းယဥ်ကျေးမှုကို ပြသခဲ့ပါတယ်။ အနီရောင်ဝမ်းဆက်နဲ့ ရွှေရောင်ဇာလေးနဲ့ချုပ်ထားတဲ့ ထိုင်းဝတ်ဆုံဟာ အဲ့ဒီတုန်းက ကိုရီးယားမှာနာမည်ကြီးသွားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=628,h=638,q=100/a4/a4cd291b6985ea06c4d638dfd2fd191713a33226.webp

BlackPink အဖွဲ့ဝင်ဖြစ်တဲ့ Lisa ဟာလည်းသူတို့ရဲ့ထိုင်းယဥ်ကျေးမှုကို တက်တက်ကြွကြွနဲ့ ပံပိုးသူတွေထဲကတစ်ဦးဖြစ်ပါတယ်။ သူရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် LALISA ထဲမှာဆိုရင် လီဆာဟာထိုင်းတွေရဲ့နာမည်ကြီး ရိုးရာဝတ်ဆုံကိုဝတ်ဆင်ပြီး ထိုင်းသရဖူဆောင်းကာ ထိုင်းရိုးရာယဥ်ကျေးမှုကို အကောင်းဆုံးချပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=628,h=638,q=100/74/740663ba1f7752f1448f137b76aa3218eb9ba4ae.webp
https://s9.kh1.co/__image/w=628,h=638,q=100/82/82115a609ec03a4ed771fb06d09c8acd4e05bc87.webp

လီဆာရဲ့အဲ့ဒီ Mv ထွက်လာအပြီးမှာတော့ ကိုရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ထိုင်းယဥ်ကျေးမှုကို လူတွေပိုသိလာကြပြီး ထိုင်းရိုးရာဝတ်ဆုံတွေလည်း ပိုပြီးရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းပရိသတ်တွေဟာလည်း ကိုရီးယားမှာ အောင်မြင်နေတဲ့ သူတို့ရဲ့ထိုင်းလူမျိုးတွေအတွက် ဂုဏ်ယူနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T