တောင်ကိုရီးယားမင်းသား Ji-sung နဲ့ မင်းသမီး Lee Bo-young တို့ရဲ့ သမီးကြီးလေးဟာဆိုရင် ပရိသတ်တွေကို သူမရဲ့ အနုပညာအရည်အချင်းတွေနဲ့ အံဩတုန်လှုပ် အောင်လုပ်ဆောင်ခဲ့ပါတယ်။

မင်းသား Ji-sung က သူ့ရဲ့သမီးဖြစ်သူရဲ့ အနုပညာထူးချွန်မှုလေးကို ပန်းချီကားလေးကနေ တဆင့် ပြသခဲ့တာဖြစ်ပါတယ်။

Ji-sung ပြခဲ့တဲ့ ပန်းချီကားလေးထဲမှာ ငှက်ကလေးတစ်ကောင်နဲ့ပန်းပွင့်လေးတစ်ပွင့်ပါဝင်ပြီး အသက်ဝင်ကာ ချစ်ဖို့ကောင်းလွန်း နေပါတယ်။

အဆိုပါပန်းချီကားလေးကို Ji-sung ရဲ့ အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ သမီးလေးက ရေးဆွဲထားတာဖြစ်လို့ ပရိသတ်တွေများစွာက အံ့ဩနေကြတာဖြစ်ပါတယ်။

မင်းသား Ji-sung နဲ့ မင်းသမီး Lee Bo-young တို့က ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သမီးကြီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ပထမဦးဆုံးသမီးလေးကို ၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အခုနှစ်မှာ အသက် ၈ နှစ်အရွယ် ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။
