မမျှော်လင့်ထားတဲ့နေရာမှာ စစ်မှုထမ်းသွားတော့မယ့် BTS ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင် Jin...

//s9.kh1.co/6d/6dccdc2b1fadcfa33a05e4b647d4e06b2ee1a44e.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၁၀ လ က

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လေ့ကျင့်ရေးစင်တာကို စတင်ဝင်ရောက်တော့မှာ...

BTS အဖွဲ့ထဲကအသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Jin ဟာလာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စစ်ထဲဝင်မှာဖြစ်တယ်လို့ အတည်ပြုပြောဆိုလာပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့ကထွက်လာတဲ့ စစ်ဖက်ဆိုင်ရာသတင်းတွေအရ Jin ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လေ့ကျင့်ရေးစင်တာကို စတင်ဝင်ရောက်တော့မှာ ဖြစ်တယ်လို့သိရပြီး သူဝင်မယ့်နေရာကတော့ ဆိုးလ်ရဲ့အနောက်မြောက်ဖက်မှာ တည်ရှိပြီး ကိုရီးယားတပ်မတော်ရဲ့ ရှေ့တန်းတပ်ဖွဲ့တွေ တည်ရှိရာနေရာ လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/28/28a701fcf473a9e039fb5b0dc3a2246688e4cc3b.jpg

လေ့ကျင့်ရေးစင်တာမှာ Jin အနေနဲ့ ၅ ပတ်ကြာအခြေခံစစ်ပညာကို သင်ယူရမှာဖြစ်ပြီး အဲ့ဒီနောက်တော့ အချိန်ပြည့် စစ်သားတစ်ယောက်အနေနဲ့ တာဝန်ဆက်ပြီးထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပရိသတ်တွေက Jin ကိုနောက်လသူ့မွေးနေ့ရှိတာကြောင့် စိတ်လှုပ်ရှားတွေမဖြစ်မဘူးလားလို့ မေးတဲ့အခါမှာတော့ Jin က ကျနော်စိတ်မလှုပ်ရှားပါဘူး၊ ကျနော်ရှေ့တန်းမှာတာဝန်ထမ်းဆောင်ဖို့ လျှောက်ထားပြီးပါပြီလို့ ပြန်ဖြေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=256,q=100/df/dfce847f000933d9b2d58855614449acf72aa676.jpg

BTS တွေအနေနဲ့ ပြီးခဲ့တဲ့ Busan ပွဲအပြီးကတည်းက စစ်မှုထမ်းမယ်လို့ ကြေညာထားကာ သူတို့ကို ၂၀၂၅ ခုနှစ်ရောက်မှသာ အဖွဲ့လိုက်စုံစုံလင်လင်နဲ့ ပြန်ပြီးမြင်တွေ့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T