တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် အသက် ၄၀ ကျော်အရွယ်ရှိနေပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လေးတစ်ယောက်လိုမျိုး နုပျိုနေဆဲ မင်းသမီးဖြစ်ပါတယ်။ သူမကို မြန်မာပရိသတ်တွေက ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်းထဲက အွန်စောအဖြစ် လူသိများခဲ့သလို နောက်ပိုင်း ဇာတ်လမ်းတွေမှာလည်း အဓိကသရုပ်ဆောင်အဖြစ် ထင်ထင်ရှားရှားသိခဲ့ကြပါတယ်။

Song Hye Kyo က ၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားမင်းသား Song Joong Ki နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ၂ နှစ်ကြာသာတည်ရှိခဲ့တဲ့ သူတို့နှစ်ဦးရဲ့အချစ်က မတည်မြဲပေမယ့် ပရိသတ်တွေရဲ့ အချစ်ကတော့ ဆက်ပြီး ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

Song Hye Kyo က အိမ်ထောင်ကွဲပြီးတဲ့နောက်မှာ ပိုချောလာပြီး အောင်မြင်မှုတွေလည်း ပိုပြီးရရှိခဲ့ပါတယ်။ အိမ်ထောင်ကွဲပြီးနောက်မှာ ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတွေက အိမ်ထောင်မကွဲခင်ကလောက် အားရစရာမကောင်းခဲ့ပေမယ့်လည်း သူမရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ တစ်ဟုန်ထိုး မြင့်တက်အောင်မြင်ခဲ့ပါတယ်။


အသက် ၄၀ ကျော်လေ ပိုပိုပြီးလှလာတဲ့ Song Hye Kyo က အခုတစ်ခေါက်မှာလည်း ပြစ်မျိုးမှဲ့မထင် အလှတရားက ဘာလဲဆိုတာကို သက်သေပြခဲ့ပါတယ်။ Song Hye Kyo က သူမရဲ့ အလှတရားကို အနီးကပ် ထုတ်ဖော်ပြသထားပြီး ကြည်လင်တောက်ရှင်းနေတဲ့ ပုံစံကြောင့် ပရိသတ်တွေ အားလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်။



Song Hye Kyo ရဲ့ ပြစ်မျိုးမှဲ့မထင် အလှတရားကို တစ်ပုံချင်း ကြည့်ရှုဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။