မင်းသမီးချောလေး Baifern Pimchanok နဲ့ကတော့ ချစ်မောလှပလွန်းတဲ့သူလေးပီပီ အနုပညာပိုင်းမှာလည်း ထူးချွန်အောင်မြင်သူဖြစ်သလို သူမကို ချစ်ခင်အားပေးတဲ့သူတွေကလည်း အများကြီးပါပဲ။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေကလည်း အမြဲထွက်နေကြပါ။


Baifern က ထိုင်းမင်းသား Nine Napht နဲ့ က အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး အမြဲတူတူ တပူးပူးတတွဲတွဲရှိနေတာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ကို သံသယဝင်နေကြတာပါ။ သူတို့နှစ်ယောက်ကလည်း သူချင်းကောင်းဆိုတာထပ် မပိုပါဘူးလို့ အကြိမ်ကြိမ်ငြင်းခဲ့ကြပေမယ့် Nine ရဲ့အမေကိုယ်တိုင် ကိုယ်က ချွေးမတော်ချင်တယ်လို့ ထပ်ခါတလဲလဲပြောခဲ့ဖူးပါတယ်။


Baifern ကလည်း လက်ရှိမှာ Single ဖြစ်နေတာ ၄ နှစ်ရှိပြီမို့ သူရဲ့ချစ်သူဖြစ်မယ့်သူလေးကို အားလုံးက သိချင်နေကြတာပါ။ မကြာသေးမီက Central world Embracing Happiness 2023 မှာ Baifern က “လောလောဆယ်တော့ ဘယ်သူမှမရှိသေးပါဘူး။ အလုပ်တွေများနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ယောက်တည်း အထီးကျန်နေတာ အခုဆိုရင် ၄ နှစ်တောင် ရှိနေပါပြီ။" လို့ ပြန်ဖြေခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Popular.com