ကမ္ဘောဒီးယားတော်ဝင်မင်းသမီးလေး Jenna Norodom ဟာဆိုရင် တော်ဝင်မျိုးရိုးကနေ ဆင်းသက်လာတဲ့သူတစ်ယောက်ဆိုပေမယ့် အနုပညာအလုပ်တွေကို တစ်ဖက်ကမ်းခပ်ဝါသနာပါတဲ့သူဖြစ်ပါတယ်။တော်ဝင်မင်းသမီးလေး Jenna Norodom က အသက်၉ နှစ်သာရှိသေးပေမယ့် TikTok ဆယ်လီတစ်ယောက် ဖြစ်ရုံသာမက ဖော်လိုဝါတွေများစွာ ပိုင်ဆိုင်ထားတဲ့ Facebook နာမည်ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

Jenna Norodom လေးက Blackpink အဖွဲ့ဝင် Lisa နဲ့တူတယ်ဆိုပြီး နာမည်ကြီးနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ Jenna Norodom ရဲ့ အဖေက ပြင်သစ်လူမျိုးတစ်ယောက်ဖြစ်ပြီးအမေက ကမ္ဘောဒီးယားမင်းသမီး Norodom Buphary ဖြစ်ပါတယ်။Jenna Norodom က ပြင်သစ် ၊ ခမာ ၊ ထိုင်း ၊တရုတ် နဲ့ အင်္ဂလိပ်ဘာသာစကား၅ မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့သူလေး ဖြစ်ပါတယ်။

Jenna Norodom လေးက တော်ဝင်မင်းသမီးလေးတစ်ပါး ဖြစ်ရုံသာမက အဆို ၊ အက ၊ သရုပ်ဆောင်အရည်အချင်းတွေပါ ရှိနေတဲ့ သူလေးဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက သူမကို အရမ်းချစ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။Jenna Norodom လေးက ကမ္ဘောဒီးယားနိုင်ငံအတွက်လည်း အဖိုးတန်ရတနာလေး ဖြစ်ပါတယ်။

Jenna Norodom က အသက် ၃ နှစ်အရွယ်မှာကတည်းက အနုပညာလောကထဲကို စတင်ရောက်ရှိနေသူလေးဖြစ်ပါတယ်။ Jenna Norodom လေးက Miss Preteen 2022 ရဲ့ Second Winner ဆုရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မင်းသမီးလေး Jenna Norodom ရဲ့ သီချင်း ဗီဒီယိုလေးတွေကို လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ YouTube မှာသာမက Facebook ပေါ်မှာလည်း ပေါပေါများများဝင်ရောက်ကြည်ရှုနိုင်ပါတယ်။

