တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ 𝗦𝗼𝗻𝗴 𝗛𝘆𝗲𝗞𝘆𝗼 ကတော့ အလှနတ်ဘုရားမ တစ်ပါးလို့ တင်စားခေါ်လောက်ရအောင်ကို အရာအားလုံးမှာ ပြီးပြည့်စုံတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ ချောမောလှပပြီး အနုပညာလမ်းပိုင်းမှာလည်းအောင်မြင်တဲ့ သူမကတော့ အချစ်ရေးမှာ ကံမကောင်းရှာပါဘူး။


မနေ့က နိုဝင်ဘာလ ၂၂ ရက်နေ့ကတော့ 𝗦𝗼𝗻𝗴 𝗛𝘆𝗲𝗞𝘆𝗼 ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ အဲ့နေ့လေးမှာ သူမက အသက် (၄၁) နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးမှာ ဖြတ်သန်းခဲ့ပုံလေးကို သူမရဲ့ ဆိုရှယ်မီဒီယာမှာလည်း မျှဝေထားပါသေးတယ်။


မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းခဲ့ကြောင်းကို " မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ပို့ပေးတဲ့လက်ဆောင်တွေ ပန်းတွေကိုအတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ ကျွန်မကိုချစ်ပေးကြတဲ့ Fan တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။" ဆိုတဲ့ Caption လေးနဲ့အတူ သူရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ တင်ထားတာဖြစ်ပါတယ်။




Photo Credit & Source : 𝗦𝗼𝗻𝗴 𝗛𝘆𝗲𝗞𝘆𝗼's IG Acc