သားလေးကို ဈေးအကြီးဆုံး မူကြိုကျောင်းမှာထားတဲ့ နှုတ်ခမ်းနီမလေးရဲ့ အသဲစွဲ မင်းသားWon Bin

//s9.kh1.co/55/55e96da7cb70e373ee86d216c7f0999655f6110c.jpg
အနုပညာရှင်များ

 ၂၃-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

သားလေးကို ဈေးအကြီးဆုံး မူကြိုကျောင်းမှာထားတဲ့ နှုတ်ခမ်းနီမလေးရဲ့ အသဲစွဲ မင်းသားWon Bin

တောင်ကိုရီးယားမင်းသား Won Bin ဟာဆိုရင် ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Won Bin က ဇနီးဖြစ်သူ Lee Na Young နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ လျို့ဝှက်ဆန်းကြယ်စွာနဲ့ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Won Bin  နဲ့ Lee Na Young တို့ ဇနီးမောင်နှံက ဂန်းနမ်းမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းတန် ၊ ဈေးအကြီးဆုံးနေအိမ်ကြီးမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံက ရဲတိုက်ကြီးအလားခန့်ညားလှစွာနဲ့ ဒီဇိုင်းပုံဖော် ဖန်တီးထားတဲ့ နေအိမ်ကြီးမှာ နေထိုင်နေလျက်ရှိတာဖြစ်ပါတယ်။

Google
Google
Google
Google

Won Bin နဲ့ Lee Na Young တို့က ၂၀၁၅ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။  Won Bin က သူတို့ရဲ့သားလေးကို အသက်သာဆုံးနည်းနဲ့ သာမန်သူတွေအတိုင်း စောင့်ရှောက်ပြုစုပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပြီး ကလေးတစ်ယောက်အနေနဲ့ စိတ်အသက်သာဆုံး ဖြစ်စေချင်တယ်လို့လည်းဆိုပါတယ်။ ဒါ ကြောင့်သူတို့ရဲ့သားလေးကို ပရိသတ်တွေရှေ့ကို ထုတ်မပြတာဖြစ်ပြီး စိတ်အေးချမ်းသာစွာနဲ့သာနေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။

Google
Google
Google
Google
Google
Google

Won Bin က သူ့ရဲ့သားလေးကိုတောင်ကိုရီးယားနိုင်ငံရဲ့ ဈေးအကြီးဆုံး မူကြိုကျောင်းမှာထားထားပြီး လိုလေသေးမရှိ အသက်သာဆုံးနည်းလမ်းနဲ့ရှိစေခဲ့ပါတယ်။ အဲဒါအပြင် သူတို့နှစ်ဉီးက ပညာသင်ကြားဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အပြည့်အစုံထည့်ပေးထားတဲ့ အိမ်တစ်လုံးကိုလည်း သားလေးအတွက် သီးသန့်ဆောက်ပေးထားတယ်လို့ ဆိုပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T