ဇာတ်ကားရိုက်ရင်း ကြိတ် Crush နေခဲ့မိကြောင်းဖွင့်ပြောလာတဲ့ Byeon woo seok..

//s9.kh1.co/ff/fffcb59d387b54b893d5f3e4dd2f5c85317b0ea6.jpg
အနုပညာရှင်များ

 ၂၃-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဇာတ်ကားရိုက်ရင်း မင်းသမီးကိုကြိတ်ပြီး Crush နေခဲ့မိကြောင်းဖွင့်ပြောလာတဲ့ Byeon woo seok..

20th Century Girl ရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ မင်းသား Byeon Wook Seo နဲ့ မင်းသမီး Kim Yoo Jung တို့ဟာသူတို့ရဲ့ခံစားချက်တွေကို အင်တာဗျူးကနေတဆင့် ပရိသတ်တွေဆီမျှဝေလာခဲ့ပါတယ်။ တကယ်တော့ 20th Century Girl ရုပ်ရှင်ဟာ ရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာ ရဲ့ကိုယ်တွေ့ဖြစ်ရပ်ဖြစ်ပြီး သူရဲ့သူငယ်ချင်းတွေကိုမျှဝေခဲ့တဲ့ သူ့ရဲ့မှတ်စုစာအုပ်တွေထဲက ပြန်လည်ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=542,q=100/64/64038150f560033b67a8c7c1f455e35257f357b7.jpg

အင်တာဗျူးမှာ မင်းသား Byeon Wook Seo ကသူ့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ ဇာတ်ကားရိုက်တုန်းက ကမ်းခြေမှာမင်းသမီး Kim Yoo Jung နဲ့နောက်ထပ်မင်းသားတစ်ဦးဖြစ်တဲ့ Park Jung Woo တို့နှစ်ဦးအတူရှိနေတာကို ဓာတ်ပုံရိုက်ပေးရတဲ့အခန်းမှာ ကျနော့်အနေနဲ့ရုပ်ရှင်ထဲမှာသာမက အပြင်မှာပါ မနာလိုဖြစ်မိကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/f7/f783b0b773ce7eb0f60152b522a8f187033c00f0.jpg

ပြီးတော့လည်း Byeon Wook Seo က မင်းသမီးအရက်မူးပြီး သူ့နဲ့အတူနှစ်ယောက်ထဲရှိနေတဲ့အခန်းမှာလည်း ရင်ခုန်မိကြောင်း ပြောပြခဲ့ပါတယ်။ ပရိသတ်တွေက သူတို့နှစ်ဦးကြားက ဆက်ဆံရေးကိုသေသေချာချာသိချင်နေကြပြီး သူတို့ဆက်ဆံရေးကိုစပ်စုနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=849,q=100/05/05c6c4a6dc945cda1a1977683af67b377301245b.jpg

မင်းသား Byeon Wook Seo ကတော့ သူ့အနေနဲ့ မင်းသမီး Park Jung Woo ကိုခံစားမှုရှိနေကြောင်း ဝန်ခံဖူးပေမယ့် ဘယ်လိုခံစားမှုမျိုးဆိုတာကိုတော့ သေသေချာချာ မပြောပြခဲပါဘူး။

ကဲ ဇာတ်ကားထဲမှာ လိုက်ဖက်ပြီး ပရိသတ်တွေသဘောကျနေတဲ့ အတွဲလေးကတော့ အပြင်မှာလည်းတကယ်တွဲကြမလားဆိုတာ ပရိသတ်တွေက စောင်ကိုက်ပြီးစောင့်နေကြပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T