တောင်ကိုရီးယားမင်းသား Park Bo Gum ဟာဆိုရင် လက်ရှိအချိန်မှာ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်လတ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Park Bo Gum က ဆင်းရဲလွန်းတယ်ဆိုပြီး နာမည်ကြီးခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ Park Bo Gum က ၂၀၁၄ ခုနှစ်မှာ ဒေဝါလီခံဖို့အတွက်အထိ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ၆ လအတွင်းမှာ အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့ပါတယ်။


Park Bo Gum တစ်ယောက်ဆိုးရွားလွန်းတဲ့ အခြေအနေကို ရောက်ရှိခဲ့ရတာက သူကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ဖခင်ဖြစ်သူရဲ့ အကြွေးတွေကြောင့်လို့ သိရပါတယ်။ Park Bo Gum ရဲ့ အဖေက အကြွေးတွေများစွာ ရယူထားပြီး သူယူထားတဲ့ အကြွေးစုစုပေါင်းက ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၆ သိန်းကျော်ပါတယ်။

အကြွေးကိစ္စကို ဖခင်ကြီးဖြစ်သူဘက်ကနေ သားဖြစ်သူနာမည်နဲ့ ပြန်ဆပ်ပေးမယ်ဆိုတဲ့ အာမခံအထိ ထားခဲ့တာကြောင့် မင်းသား Park Bo Gum အနေနဲ့ အကြွေးပင်လယ်မှာ နစ်မြောခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Park Bo Gum အနေနဲ့ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းပေးနိုင်ခဲ့တာကြောင့် ပြဿနာတစ်ခုမှ မရှိခဲ့ပါဘူး။ အောင်မြင်နေတဲ့အချိန်မှာ အစွန်းဆုံးအထိ နစ်မြုပ်သွားခဲ့ရာကနေ ဇာမဏီငှက်လိုမျိုး တဖန်ပြန်ထနိုင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Park Bo Gum ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။