တောင်ကိုရီးယားမင်းသမီး Kim So Eun ဟာဆိုရင် F4 ချစ်သူဇာတ်လမ်းတွဲ Boys Over Flowers ထဲက ပုံရိပ်ကို မဖျောက်နိုင်သေးတာနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။ Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ Kim So Eun က Chu Ga Eul ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Boys Over Flowers ဇာတ်လမ်းက နာမည်ကြီးအောင်မြင်မှုတွေ သိမ်းကြုံးရခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ကြည့်ရှုသူနှုန်း rating က 32.9% အထိရရှိခဲ့ပါတယ်။

Kim So Eun က ပွဲဦးထွက်လာကတည်းက Chu Ga Eul နာမည်နဲ့ အောင်မြင်လာတာဖြစ်ပြီး သူမရဲ့နောက်ထပ်ဇာတ်လမ်းတွဲတွေက ထင်ထားသလောက်အောင်မြင်မှု မရရှိခဲ့ပါဘူး။ Kim So Eun က သူမရဲ့ နာမည်ကို မဖျောက်နိုင်တဲ့အပေါ် စိတ်အဆင်မပြေတဲ့ ခံစားချက်မျိုး မဖြစ်ကြောင်း ၊ ခံစားလို့ကောင်းကြောင်း ၊ သူမကိုယ်သူမ ဂုဏ်ယူကြောင်းနဲ့ ဆိုးရွားတယ်လို့ မခံစားရကြောင်း ဆိုခဲ့ပါတယ်။ သူမကို ဆက်ပြီးတော့ မှတ်မိနေတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ကြောင်း Kim So Eun က ထပ်ပြီးပြေားထားပါသေးတယ်။



နှစ်ပေါင်းများစွာတုန်းက သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတစ်ခုအပေါ် ပရိသတ်တွေရဲ့ လွှမ်းမိုးမှု မဖျောက်နိုင်သေးတာနဲ့ ပတ်သက်ပြီး Kim So Eun က သူမ လုပ်နိုင်တာတွေ အများကြီး ရှိသေးတာကြောင့် စိတ်မရှည်သလိုမျိုး မဖြစ်ဘူလို့ အသိပေးထားပါတယ်။



ပရိသတ်တွေအနေနဲ့ကတော့ Kim So Eun ကို အခြား ဇာတ်ကောင်တစ်ခုအနေနဲ့ ပိုပြီး လူသိများလာတဲ့သူ ဖြစ်စေချင်နေကြပါတယ်။ F4 ချစ်သူဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပြီး ယနေ့တိုင် လွှမ်းမိုးမှု မပျောက်သေးတဲ့ တောင်ကိုရီးယားမင်းသမီး Kim So Eun အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။